Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဇူလိုင်ပထမပတ်အတွင်း လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ရှိ စစ်အုပ်စု၏ ခြေကုပ်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၅ဦးထက်မနည်းသေဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။

KNDF
KNDF

ဇူလှိုင်ပထမပတ်အတွင်း လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းများကို ဝင်​ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၅ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)က ယနေ့(ဇူလိုင် ၈ ရက်) ထုတ်ပြန် သည်။

KNDF
KNDF

စခန်းတိုက်ခိုက်ခံရမှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်း ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့ပြီး ဇူလှိုင် ၄ ရက်တွင် စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့နယ်ရှိလွယ်ပသာကုန်းစခန်းနှင့် ရွှေပြည်အေးကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF၊PDF (Phekhon)၊ Moebye PDF နှင့် SSRY အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။

KNDF

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄၀ဦးအား ခြေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုနောက် ဇူလှိုင် ၆ရက် နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ၁၁ကြိမ်၊ တိုက်လေယာဥ်ဖြင့် ၉ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ရာ နေ့လည် ၁၁ နာရီခွဲခန့်တွင် ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်လေးအဆင့်ရှိသူတစ်ဦး ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း KNDFက ပြောသည်။

ထို့အတူ သင်္ဘောပင်စခန်းအား တိုက်ခိုက်နေစဥ် လွိုင်ကော်မြို့နယ်၊ (၄) မိုင် အမှတ်(၁)စခန်းမှ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF မှ အနီးကပ်ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ​လေး ဦးဒဏ်ရာရခဲ့သည်။

ဆိုလဆယ်ရွာအနီးတိုက်ပွဲ ဖြစ်နေစဥ်အတောအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာနေပြည်သူ တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့​နောက် ဇူလှိုင် ၆ ရက် ​နေ့လည်ပိုင်းတွင် ငွေတောင်အခြေစိုက် ခမရ(၄၂၇)အနီးရှိ ကင်းပုန်းတစ်ခု အား KNDF မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာမှုများရှိခဲ့သည်။

ထို့အပြင် ယင်းနေ့တွင်ပင် ဘောလခဲ-ရွာသစ် လမ်းမပေါ်ရှိ ပွန်ချောင်းကူးတံတား ဂိတ်စခန်းတစ်ခုကို KNDF မှ ရှောင်တခင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြင်အလှန် ပစ်ခတ်မှု မိနစ် ၃၀ခန့်ကြာမြင့်ပြီး စစ်ကာင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။