Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – မော်ချီးလမ်းပိုင်းကို တစ်ပတ်လျှင်သုံးရက်သာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု KNDF အသိပေး

ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း – ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် – မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။

KNDF
KNDF

လွိုင်ကော် – မော်ချီးလမ်းပိုင်းကို တစ်ပတ်လျှင် သုံးရက်သာဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့ (ဇူလိုင် ၁၀ ရက်) ထုတ်ပြန်သည်။

ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း – ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် – မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။

ထိုအပြင် တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူးသုံးရက်သာ ဖြတ်သန်းရန်အပါအဝင် ပြည်ပခရီးသည်များလုံးဝသယ်ဆောင်ခွင့်မရှိခြင်း၊ဆန် ၁၀အိတ်ထက်ပို၍ မသယ်ဆောင်ရန် သတ်မှတ်ထားသည်။

အလားတူ ဘိလပ်မြေသယ်ဆောင်သည့် ကားများသည် အမှတ် (၂)ခရိုင်ထောက်ခံစာပါရှိမှ ဖြတ်သန်းခွင့်ရှိမည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းတွေ့ရှိပါက အရေးယူခံရမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ခရီးသွားယာဥ်မောင်းများအနေဖြင့် လမ်းဖွင့်ထားသည့် သုံးရက်အတွင်းသာသွားလာရန်နှင့်စည်းကမ်းချက်များလိုက်နာရန် KNDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

Facebook