Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် ပြည်သူများအပေါ် အခွန်များဖိနှိပ်ကောက်ခံနေသည့် စည်ပင်နှင့်လျှပ်စစ်ဌာန ရပ်တန့်ကရပ်ရန် KNDF သတိပေး

ယခုလက်ရှိ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ကျော် လာခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုမှာ စစ်ဘေးဒဏ်များ နေချင်းညချင်းခံစားလာရပြီး အိုးအိမ်များပျက်စီးဆုံးရှုံး စွန့်ခွာလာရသည်ဟု KNDF က ဆိုသည်။

KNDF တပ်ရင်း -၂ မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - KNDF -B-02
KNDF တပ်ရင်း -၂ မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - KNDF -B-02

စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော စည်ပင်နှင့်လျှပ်စစ်ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအပေါ် အခွန်အ​ကောက်များဖိနှိပ်ကောက်ခံနေမှုကို ရပ်တန့်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၂ က ယနေ့(ဇူလိုင် ၂၉ ရက်) ထုတ်ပြန်သည်။

အဆိုပါ သတိပေးချက်အပေါ် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ထိုထောက်တိုင်ဌာနများ အတွက် အသက်အာမခံချက်ရှိမည်မဟုတ်ကြောင်း လည်း ဖော်ပြသည်။

ယခုလက်ရှိ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ကျော် လာခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုမှာ စစ်ဘေးဒဏ်များ နေချင်းညချင်းခံစားလာရပြီး အိုးအိမ်များပျက်စီးဆုံးရှုံး စွန့်ခွာလာရသည်ဟု KNDF က ဆိုသည်။

ကရင်နီပြည်တွင် စစ်ကောင်စီအထိုင်ချထိန်းချုပ်ထားသည့် ပင်မတည်ရှိရာ လွိုင်ကော်မြို့၌ မြို့နေလူထု အနည်းငယ်သာကျန်ရှိတော့၍ ယင်းမြို့နေ ပြည်သူလူထုမှာလည်း ကုန်စျေးနှုန်း အဆမတန်မြင့်မားမှုကြောင့် စားဝတ်နေရေးအတွက် အားစိုက်ရုန်းကန်နေကြရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုအခြေအနေတွင် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော စည်ပင်ဝန်ကြီးဌာနနှင့် လျှပ်စစ် ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအပေါ် အခွန်အကောက်များဖိနှိပ် ကောက်ခံနေသည်ကို ကြားသိရ ကြောင်း KNDFက ပြောသည်။

ထို့ကြောင့် စားဝတ်နေရေးခက်ခဲလျက်ရှိသော ပြည်သူလူထုအပေါ် အခွန်ဖိနှိပ်ကောက်ခံမှုကို ရပ်တန့်ရန် သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။