Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ကုန်သွယ်မှုအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊သတင်းပေးများနှင့် စစ်ကောင်စီအုပ်ချုပ်ရေးကို ပုံဖော်ကြိုပမ်းနေသူများကို အ​ရေးယူမည်ဟု KNDFသတိ​ပေး

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း - ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ - KNDF)
(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း - ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ - KNDF)

တရားမဝင်ကုန်သွယ်မှုအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊စစ်ကောင်စီသတင်းပေးများ၊စစ်ကောင်စီအုပ်ချုပ်ရေးကို ပုံဖော်ကြိုပမ်းနေသူများနှင့် စစ်တပ်ထုတ်ကုန် ရောင်းချမှုများကို ထိရောက်စွာအရေးယူမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃က ယနေ့(ဇူလိုင် ၁၆ ရက်) ထုတ်ပြန်သည်။

စစ်အာဏာရှင်အမြစ်ပြတ်ရန် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည်မှာ တစ်နှစ်ကျော်ကာ လအတွင်း အသက်သွေးချွေများပေးဆပ် ကျော်ဖြတ်ခဲ့ပြီး စစ်ရေးဖိအားအပြင် စစ်ကောင်စီယန္တရား မလည်ပတ်နိုင်ရေးအတွက် ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း အသိပေးသည်။

ထို့ကြောင့် ကရင်နီပြည်(ဖယ်ခုံ၊မိုးဗြဲ၊ အရှေ့ဖက်ကမ်း နှင့် ပေါင်းလောင်း)ဧရိယာအတွင်း လိုက် နာရမည့် စည်းကမ်းချက်ငါးချက်ကိုလိုက်နာရန် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။

(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း - ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ - KNDF)
(ဇွန်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူကို KNDF တပ်ရင်း – ၃က ဖမ်းဆီးထားစဥ်၊ ဓာတ်ပုံ – KNDF)

တရားမဝင်ကုန်သွယ်မှုတွင် သစ်၊ခဲ နှင့်ဒေသတွင်း သယံဇာတများတရားမဝင်တူးဖော် ရောင်းချခြင်းများကို အရေးယူမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ကလေးသူငယ် ပညာရေးနှင့် လမ်းတံတားစီမံကိန်းများကို အကြောင်းပြု၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကို ပုံဖော်ကြိုးစားအားထုတ်ခြင်းကိုလည်း အရေးယူမည်ဟု ဖော်ပြသည်။

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

ထို့အပြင် စစ်ကောင်စီအား သတင်းပေးသော လူထုသစ္စာဖောက်ဒလန်များကိုလည်း ထိရောက်စွာ အရေးယူမည်ဟု အသိပေးသည်။

“ကျွန်ပ်တို့အနေဖြင့် ထုတ်ပြန်ထားသောစာအတိုင်း အရေးယူဆောင်ရွက်မှုများကို ယခင်ကာလတွင်လည်း ထိထိရောက်ရောက် လုပ် ဆောင်ခဲ့ပါသည်။ ဆက်လက်ပြီး ယခုထပ်မံထုတ်ပြန်ထားသော ကြေညာချက်ကို မိဘပြည်သူများမှ အလေးနက်ထားပြီး လိုက်နာပေးကြပါရန် တောင်းဆိုပါသည်။ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်သူကို သိရှိပါကလည်း ကျွန်ပ်တို့၏ page messenger တွင် လျှို့ဝှက်စွာ သတင်းပို့နိုင်ပါသည်”ဟု KNDF တပ်ရင်း – ၃ က ပြောသည်။

ထို့အပြင် လိုက်နာရန် တိုက်တွန်းချက်များကို ဖောက် ဖျက်ပါက မည်သည့် ပုဂ္ဂိုလ်မဆိုထိရောက်စွာအရေးယူမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။