Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ် စစ်ကောင်စီတပ်နှင့် ကင်းစခန်းကိုတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားသုံးဦးသေဟု KNDF ပြော

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုဖြင့် လွိုင်ကော် – ဒီမောဆိုလမ်းမကြီး ကို ယမန်နေ့(ဇူလိုင် ၃၀ ရက်)ကစ၍ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ ကြောင်းလည်း KNDF တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

ဓာတ်ပုံ - KNDF/ B-15
ဓာတ်ပုံ - KNDF/ B-15

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအတွင်းသို့ စီးနင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅က ယနေ့(ဇူလိုင် ၃၁ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ယမန်နေ့(ဇူလိုင် ၃၀ ရက်) နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့် စစ်လေကျင့်ရေးကျောင်းခြံစည်းရိုး ပတ်လည်တွင် တပ်ချထားသော တပ်မ(၅၅) လက်အောက်ခံ ခလရ (၇)တပ်သား တစ်ချို့ မားခရော်ရှေ့ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်သည်ကို KNDF B-15မှ ချုံခို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီးနောက် နေ့လည် ၁နာရီခန့်တွင် ဖရူဆိုမြို့နယ် ခမရ (၅၃၁)တပ် ကင်းပုန်းစခန်းအား KNDFနှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် လည်း စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

ထိုတိုက်ပွဲများအတွင်း KNDF နှင့် ပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီပြည်နယ်(မိုးဗြဲ၊ဖယ်ခုံ) အပါအဝင် စစ်ကောင်စီတပ်က ၎င်းတို့ခြေကုတ်ထားသော စခန်းတွင် ခံတုတ်ကျင်းများဘန်ကာများအား ခိုင်ခန့်အောင်တည်ဆောက်ထားပြီး လက်နက်၊ခဲယမ်း တောင့်တင်းစွာဖြည့် တင်းလျက်ရှိကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးသည်။

“ဒီနေ့လည်း ဒီးမော့ဆို မှာ တိုက်ပွဲပြင်းနေတယ်။ တယ်။အခု နေ့လည်ပိုင်းထိပဲ “ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုဖြင့် လွိုင်ကော် – ဒီမောဆိုလမ်းမကြီး ကို ယမန်နေ့(ဇူလိုင် ၃၀ ရက်)ကစ၍ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ ကြောင်းလည်း KNDF တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။