Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ် စစ်ကောင်စီတပ်နှင့် ကင်းစခန်းကိုတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားသုံးဦးသေဟု KNDF ပြော

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုဖြင့် လွိုင်ကော် – ဒီမောဆိုလမ်းမကြီး ကို ယမန်နေ့(ဇူလိုင် ၃၀ ရက်)ကစ၍ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ ကြောင်းလည်း KNDF တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

ဓာတ်ပုံ - KNDF/ B-15
ဓာတ်ပုံ - KNDF/ B-15

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအတွင်းသို့ စီးနင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅က ယနေ့(ဇူလိုင် ၃၁ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ယမန်နေ့(ဇူလိုင် ၃၀ ရက်) နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့် စစ်လေကျင့်ရေးကျောင်းခြံစည်းရိုး ပတ်လည်တွင် တပ်ချထားသော တပ်မ(၅၅) လက်အောက်ခံ ခလရ (၇)တပ်သား တစ်ချို့ မားခရော်ရှေ့ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်သည်ကို KNDF B-15မှ ချုံခို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီးနောက် နေ့လည် ၁နာရီခန့်တွင် ဖရူဆိုမြို့နယ် ခမရ (၅၃၁)တပ် ကင်းပုန်းစခန်းအား KNDFနှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် လည်း စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

ထိုတိုက်ပွဲများအတွင်း KNDF နှင့် ပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီပြည်နယ်(မိုးဗြဲ၊ဖယ်ခုံ) အပါအဝင် စစ်ကောင်စီတပ်က ၎င်းတို့ခြေကုတ်ထားသော စခန်းတွင် ခံတုတ်ကျင်းများဘန်ကာများအား ခိုင်ခန့်အောင်တည်ဆောက်ထားပြီး လက်နက်၊ခဲယမ်း တောင့်တင်းစွာဖြည့် တင်းလျက်ရှိကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးသည်။

“ဒီနေ့လည်း ဒီးမော့ဆို မှာ တိုက်ပွဲပြင်းနေတယ်။ တယ်။အခု နေ့လည်ပိုင်းထိပဲ “ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုဖြင့် လွိုင်ကော် – ဒီမောဆိုလမ်းမကြီး ကို ယမန်နေ့(ဇူလိုင် ၃၀ ရက်)ကစ၍ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ ကြောင်းလည်း KNDF တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။