Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီအခြေစိုက်စခန်းကို ရဲမေအချို့ပါဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားငါးဦးသေဟု KNDF ထုတ်ပြန်

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက်  နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊  B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီအခြေစိုက်စခန်းကို ရဲမေအချို့ပါဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၀က ယနေ့(ဇူလိုင် ၈ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက်  နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊  B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လက်နက် ကြီးအဆမတန် ပစ်ကူပေးခြင်း ရဟတ်ယာဥ်ဖြင့် (၁၁)ကြိမ်၊တိုက်လေယာဥ်ဖြင့် (၉)ကြိမ်လာရောက် တိုက်ခိုက်ခဲ့သဖြင့် နေ့လည် ၁၁ နာရီခွဲတွင် ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်လေးအဆင့်ရှိသူတစ်ဦး ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အတူ သင်္ဘောပင်စခန်းအား တိုက်ခိုက်နေစဥ် လွိုင်ကော်မြို့နယ်၊ (၄) မိုင် အမှတ်(၁)စခန်းမှစစ်ကူ လာသော စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF B-10 မှ အနီးကပ် ကြားဖြတ် တိုက်ခိုက်ရာစစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ​လေးဦးဒဏ်ရာရခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်းတွင် KNDF B-10 ၏ရဲမေအချို့ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကဆိုလဆယ်ရွာအနီး တိုက်ပွဲဖြစ်နေစဥ်အတော အတွင်း ကျေးရွာနေပြည်သူ တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဒီမနက်လည်း ကရင်နီပြည်နယ်ထဲမှာ အကြမ်း ဖက်စစ်တပ်ရဲ့လေယာဥ်တစ်စီး တစ်မနက်လုံးဝဲနေတယ်။ကင်းထောက်နေတယ်လို့ယူဆတယ်။ တိုက်ပွဲ အခြေအနေကတော့ ဆက်ပြင်းထန် လာဖို့ရှိတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဇူလှိုင်ပထမပတ်အတွင်း လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ရှိ  စစ်ကောင်စီ၏ ခြေကုပ်စခန်းများကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၄၅ ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDFက သီးခြားထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက် ကြီးများဖြစ် အလွန်အကျွံ့အသုံးပြု တိုက်ခိုက်ခဲ့ ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook