Connect with us

Hi, what are you looking for?

သတင်း

ဇူလိုင်ဒုတိယအပတ်အတွင်း ကရင်နီပြည်၌ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ထောက်ပို့ယာဥ်များကို KNDF ကြားဖြတ်တိုက်ခိုက်

တိုက်ပွဲအတွင်းကျဆုံးခဲ့သောရဲဘော်အား KNDFက အာဇာနည်သူရဲကောင်း အဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNDF

ဇူလိုင်ဒုတိယအပတ်အတွင်း ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီ၏ စခန်းကုန်းများကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာ ကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင် ၁၅ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ဒီးမော့ဆို၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်တို့တွင် ထိတွေ့ မှုများ ရှိခဲ့ခြင်း ဖြစ်သည်။

ဘောလခဲမြို့နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ လေကြောင်းပစ်ကူ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု KNDFက ဆိုသည်။

ဇူလိုင် ၈ရက် ညနေပိုင်းတွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ မက်စလောင်း တောင်စခန်းကုန်းအား ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာသဖြင့် တာဝေးပစ် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် တိုက်လေယာဥ်ဖြင့် (၂) ကြိမ်တိုင်တိုင်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့နောက် ဇူလိုင် ၁၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဒီးမော့ဆိုမြိုနယ်၊ ဒေါငံခါးမှ ပူဖားကျေးရွာ ဘက်သို့ ဦးတည်လာသော စစ်ကောင်စီ၏ ထောက်ပို့ယာဥ် (၂) စီးကို KNDF မှ ကြားဖြတ်တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ် ဖက်မှထိခိုက်မှုများရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့အတူ ဇူလိုင် ၁၁ရက် ညနေ၅နာရီခွဲတွင် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာ အနီးတွင် နယ်မြေလုံခြုံရေးယူနေသော KNDFတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား ထိပ်တိုက်တွေ့ကာ မိနစ်၃၀ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း KNDFဖက်မှ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီ၏ ထိခိုက်မှုများ ကိုလည်း အတည်မပြုနိုင်သေးပေ။

ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းကလည်း ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ ဖရူဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးဆောင်ရွက်နေစဥ် စစ်ကောင်စီတပ်များနှင့် မိနစ်၂၀ခန့်အကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း အသိပေးသည်။

ယမန်နေ့ ညနေပိုင်းတွင် ဒီးမော့ဆိုမြို့နယ် ၊ အူးခူရီကျေးရွာအနီး နယ်မြေ လုံခြုံရေးယူနေသော ကရင်နီပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်တို့ ၅မိနစ်ခန့် အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်စဥ်များအနက်မက်စလောင်းတောင် ကုန်းစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များကို ရွံ့ရွံ့ချွန်ချွန်တိုက်ခိုက်ရင်း KNDF B-16 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

တိုက်ပွဲအတွင်းကျဆုံးခဲ့သောရဲဘော်အား KNDFက အာဇာနည်သူရဲကောင်း အဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်နီပြည်နယ်တွင်ဇူလှိုင်လပထမပတ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။