Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ သော စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများနေဟု KNDF ထုတ်ပြန်

သြဂုတ် ၂ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်စခန်းမှ စံပြ(၆) မိုင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် KNDF B09တို့ ထိတွေ့ တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KNDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ဘက်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းအသုံးပြု၍ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများပြားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (သြဂုတ် ၈ ရက်) ထုတ်ပြန်သည်။

ယခုလပထမအပတ်တိုက်ပွဲဖြစ်စဥ်များအရ သြဂုတ် ၁ ရက်နံနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် နယ်မြေ လုံခြုံရေးယူနေသော ကရင်နီတပ်မတော် (KA)၊ KNDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သြဂုတ် ၂ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်စခန်းမှ စံပြ(၆) မိုင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် KNDF B09တို့ ထိတွေ့ တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KNDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF

သြဂုတ် ၅ ရက်တွင်လည်း ဒီးမော့ဆိုမြို့ နယ် စံပြ(၆)မိုင်နှင့် ဘက်တလိန် ကျေးရွာတို့တွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF B09 နှင့် DMO PDF တို့မှ ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၁) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင်လည်း စံပြ(၆)မိုင် နှင့် ဘက်တလိန် ကျေးရွာတို့တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ် များအား ကရင်နီတပ်မတော် (KA)၊ KNDF B09 နှင့် DMO PDF တို့မှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

စစ်ကောင်စီတပ်မှ သေဆုံးသွားသော ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဘက်တ လိန်ကျေးရွာအတွင်းရှိ နေအိမ် (၁) လုံးအတွင်း ထည့်ကာ မီးရှို့ခဲ့သည်ဟု ဖော်ပြသည်။

အလားတူ သြဂုတ် ၆ ရက်တွင် ဒီးမော့ဆိုမြို့မရဲစခန်းကို KNDF B-10 မှ အလစ်အငိုက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

“ကရင်နီ ဒေသနဲ့ ပတ်သက်လို့ ရန်သူ(အကြမ်း ဖက်စစ်ကောင်စီ)ဘက်က ဗျူဟာမှူးတွေ အ ပြောင်းအလဲ လုပ်လိုက်တယ်သိရတယ်။အခု ထိုးလာတဲ့ပုံစံ ဆိုရင် နယ်မြေအသားစီးယူချင် နေတာ သိသာတယ်။ရှေ့လျှောက် တိုက်ပွဲ တွေ ပိုပိုပြီး စိပ်လာနိုင်သလို ပြင်းထန်ဖို့ပဲ ရှိတယ်”ဟု ကရင်နီဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့နယ်တွင်လည်း သြဂုတ် ၁ ရက်က ခေါင်းအိကျေးရွာအုပ်စု၊ ပင်ပုံနှင့် လွယ်ဝှဲကျေး ရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသာ စစ်ကောင်စီတပ်များကို KNDF B03၊ B11, SSRY နှင့် ကရင်နီတပ်မတော် (KA)တို့မှ ခြုံခိုတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ (၂) ဦး သေဆုံးခဲ့သည်။

ဘောလခဲမြို့နယ် မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအား ကရင်နီတပ်မတော် (KA) နှင့် KNDF B-16 တို့မှ သြဂုတ် ၂ရက်တွင် ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီ တပ်သားတစ် ဦးသေဆုံးခဲ့ကြောင်း အသိပေး သည်။

ထို့အတူ သြဂုတ် ၂ရက် နံနက်အစောပိုင်းတွင် လွိုင်ကာ်မြို့အခြေစိုက် ခမရ (၂၆၁) တပ်စခန်း၏ ကင်းပုန်းစခန်း နှင့် လွိုင်ကော်မြို့နယ် (၃)မိုင် လွယ်တမူကျေးရွာအတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်သား လေးဦးအား KNDF B-12 မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် ဖက်မှ ထိခိုက်မှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။