Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အခြေစိုက်(ခမရ ၄၂၂)တပ်စခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF တပ်ရင်း - ၃
ဓာတ်ပုံ - KNDF တပ်ရင်း - ၃

မိုးဗြဲမြို့ အခြေစိုက်(ခမရ ၄၂၂) တပ်မှစစ်ကောင်စီစခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၃ က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၈ ရက်)နံနက် ၅နာရီမှ စတင်၍ မိုးဗြဲမြို့ (၄၂၂)တပ်ရှိ စစ်ကောင်စီစခန်းကို KNDF -B03၊ KNDF-B11နှင့် ကရင်နီတပ်မတော်(KA) တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပြန်လည်ခုခံခြင်းကြောင့် တိုက်ပွဲမှာ ၁နာရီခန့်ကြာခဲ့သည်ဟု ဆိုသည်။

ထို့နောက် နေ့လယ် ၁နာရီမှ စတင်၍ မိုးဗြဲမြို့ ပွဲကုန်း(၃) ရှိ “ဘုရား၏သန့်ရှင်း တော်မယ်တော်” ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီတပ် များမှ စခန်းချနေထိုင်ရန် ကြိုးစားခဲ့ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ ရဟန်း၊သီ လရှင်နှင့် ဘာသာဝင်(ကလေးအပါဝင်)များကို ဓါးစာခံ လုပ်ကာ ထိန်းသိမ်းခဲ့ခြင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒုတိယအကြိမ်တိုက်ပွဲတွင် Mobye -PDF နှင့် Pekhon-PDF တပ်ရင်း(၂) မှလည်း ပူးပေါင်းပါဝင် လာပြီး စစ်ကောင်စီတပ်အင်အားမှာလည်း ခန့်မှန်း ၁၀၀ဝန်းကျင်ရှိခဲ့သည်။ ပွဲကုန်း(၃) ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ယင်းပတ်ခတ်မှုအပြီးတွင် ရဟန်း၊ သီလရှင်များ နှင့် ကျောင်းတွင်းနေထိုင်သူများ မှာ ထွက်ပြေး ၏လွတ်မြောက်လာကြကြောင်းလည်း KNDF တပ်ရင်း – ၃ က ဆိုသည်။

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့တွင် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖယ်ခုံမြို့ ၊ ခေါင်းအိကျေးရွာသို့လည်း လက် နက်ကြီး ငါးချက်ပစ်ခတ်ရာ နေအိမ်၂လုံး ပျက်စီးခဲ့သည်။

လက်ရှိစစ်ရေးအခြေအနေအရ စစ်ကောင်စီတပ်များ၏ ကင်းပုန်းများရှိနေသည့် အတွက် မိုးဗြဲပြည်သူလူထုများက သတိဖြင့် သွားလာကြပါရန်၊ ဘေးကင်း လုံခြုံရေးအတွက် ဦးစားပေး နေထိုင်ရန်နှင့် အရေးပေါ်အခြေနေတွင် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးချိတ်ဆက်ကြပါရန် KNDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook