သတင်း တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များ သတိပေး "ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်" ဟု CDF - KKGက ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း တန့်ဆည်နယ် ဗျက်ကြီးရွာ ဝိုင်းထားသော ပျူအဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ ပျူ ၁၀ ဦးသေဟုဆို အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare - KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း စစ်ရေယာဉ် သင်္ဘောအုပ်စု ချင်းတွင်းမြစ်အထက် သို့ ဆန်တက် လာနေ၍ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန် "သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်"ဟု KLG PDF တာဝန်ရှိသူက People's Springသို့ ပြောသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း ကလေးတောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ၁၀ဦးသေဆုံးဟု PDF(ကလေး)ထုတ်ပြန် စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက် "သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်"ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက် စစ်ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်သား ၂၀ခန့်ပါဝင်ပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(DGRF)၊ရေဖြူ (ပကဖ)ဝေဟင်တပ်စု ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ကျောက်ထု – ပခုက္ကူလမ်းပိုင်းအား အသုံးပြုခြင်းခတ္တပိတ်ပင်ကြောင်း PDF ထုတ်ပြန် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေး သွားမည်ဟု အသိပေး ထားသည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း မြိုင်ဒေသရှိ အညာသူ၊အညာသားများက ပြည်သူ့အခြေပြုကျောင်းနှင့် PDF များအတွက် လက်ဝတ်ရတနာများ ချွတ်လှူ ထိုကဲ့သို့ လှူဒါန်းမှုဖြင့်ပတ်သက်ပြီး မိမိတို့ ပိုင်ဆိုင်သည့် နားကပ်နှင့် လက်စွပ်များပါ ချွတ်ပြီး ထောက်ပံ့ကြသည့် အညာသူ၊ အညာသားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို လေးစားမိကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ရက် ၌ မှတ်ချက်ပြုရေးသားခဲ့သည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း နိုင်ငံတစ်ဝန်းရှိPDFများ ‘လူထုသစ္စာအဓိဌာန်ပြုပွဲ’ ပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ PDF တပ်ရင်းများ ၊ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပကဖ များက ဒေသအနှံတွင် ပြုလုပ်ခဲ့ကြသည်။ LuduNwayOoဩဂုတ် 1, 2022