Connect with us

Hi, what are you looking for?

သတင်း

မြိုင်ဒေသရှိ အညာသူ၊အညာသားများက ပြည်သူ့အခြေပြုကျောင်းနှင့် PDF များအတွက် လက်ဝတ်ရတနာများ ချွတ်လှူ

ထိုကဲ့သို့ လှူဒါန်းမှုဖြင့်ပတ်သက်ပြီး မိမိတို့ ပိုင်ဆိုင်သည့် နားကပ်နှင့် လက်စွပ်များပါ ချွတ်ပြီး ထောက်ပံ့ကြသည့် အညာသူ၊ အညာသားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို လေးစားမိကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ရက် ၌ မှတ်ချက်ပြုရေးသားခဲ့သည်။

ဓာတ်ပုံ - BEGSC
ဓာတ်ပုံ - BEGSC

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ (ဇူလိုင် ၃၁) စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းအပြီး၌ ဒေသခံ ပြည်သူများက ငွေသားများအပြင် ၎င်းတို့ ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ၊ ရွှေနားကပ်များနှင့် ရွှေလက်စွပ် လက်ဝတ်ရတနာများကိုပါ ချွတ်၍ ဒေသခံကျေးရွာကာကွယ်ရေးအဖွဲ့(PDF)များနှင့် ကြားကာလပညာရေး ဖော်ဆောင်လျက်ရှိ သော ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းအတွက် ကူညီထောက်ပံ့ခဲ့ကြသည်။

ဓာတ်ပုံ - BEGSC
ဓာတ်ပုံ – BEGSC

နားကပ်နှင့် နားဆွဲစုစုပေါင်း(၃၂)စုံ ၊ လက်စွပ်(၄)ကွင်းနှင့် ငွေသားစုစုပေါင်း ၄သိန်း၃သောင်းကျပ် တိတိကို ကူညီထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။

“အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထု ကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေး အတွက် ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင် နေကြသော ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်ုပ်တို့ ကော်မတီမှ လေးလေးစား ဦးညွတ်ဂါရဝပြုအပ်ပါသည် “ဟု BEGSC က ဆိုသည်။

ထိုကဲ့သို့ လှူဒါန်းမှုဖြင့်ပတ်သက်ပြီး မိမိတို့ ပိုင်ဆိုင်သည့် နားကပ်နှင့် လက်စွပ်များပါ ချွတ်ပြီး ထောက်ပံ့ကြသည့် အညာသူ၊ အညာသားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို လေးစားမိကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ရက် ၌ မှတ်ချက်ပြုရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။