Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ

ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိသည်ဟုလည်း အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေပေးကြရန် MBPDF က တိုက်တွန်းသည်။

“ပြီးခဲ့တဲ့ နာရီဝက်( ည ၉နာရီခွဲခန့်)က လက်နက်ကြီးသံတွေကြားတယ်။အခုတော့ ငြိမ်နေ တယ်”ဟု မိုးဗြဲမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။

စစ်ကောင်စီတပ်က ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စနစ်တကျ အထိုင်ချနိုင်ရန် စစ်ထိုးနေခြင်းဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။