သြဂုတ်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
သဖန်းဆိပ်ဆည်ဖောက်ချလို့ ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။
ဒီပဲယင်းနယ် မူးရိုးကုန်း ကျေးရွာက ဒေသခံပြည်သူတွေကို ဩဂုတ်လ၂၆ရက်နေ့မှာ ကံထူးမကျေးရွာလူငယ်အဖွဲ့ကသွားရောက်ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မူးရိုးကုန်းကျေးရွာဟာ မူးမြစ်ကမ်း ဘေးမှာရှိပြီး သြဂုတ်လဆန်းက ရေဘေးကြောင့် ထိခိုက်ပစ္စည်းမှုတွေအလွန်များပြားခဲ့တယ်လို့ ကံထူးမကျေးရွာလူငယ်အဖွဲ့ကပြောပါတယ်။လက်ရှိမှာရေပြန်ကျသွားပေမယ့် ဒေသခံတွေပြန်လည်ထူထောင်ရေးအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေကကျပ် ၄၈၁သိန်းကို လှူဒါန်းပေးတာဖြစ်ပါတယ်။

Public Service Announcement
ကျွန်းလှမြို့နယ်မှာရှိတဲ့သဖန်းဆိပ်ဆည်ဟာ ဩဂုတ်လဆန်းမှာ စိုးရိမ်ရေမှတ်အထက်ကိုကျော်ပြီးနောက် စစ်အြပ်စုကဒေသခံတွေကိုအသိမပေးဘဲ ရေတံခါးကိုဖွင့်ချတာဖြစ်ပါတယ်။ ဒီပဲယင်း၊ ရွှေဘိုမြို့အပါအဝင် ဆည်အောက်ဖက်ကမြို့နယ်တွေ ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်မှာ ထိခိုက်ပျက်စီးမှုမှုများပြားတဲ့အပြင် လူသေဆုံးမှုလည်းရှိခဲ့ပါတယ်။
သြဂုတ်လ၆ရက်နေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းထဲမှာကောက်စိုက်ပြန် ကောက်စိုက်သမ(၁၀)ဦး ၊ချောင်းကိုဖြတ်ကူးစဉ် ရုတ်တရက်ချောင်းရေတိုးပြီး ရေစီးဆင်းလာတာကနေ ၆ဦးမျောပါသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊အရာတော်၊ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ဒီပဲယင် မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၄ဦး၊ ပျောက်ဆုံးနေသူတွေကိုနှစ်ဦးရှိပါတယ်။ဒါ့အပြင် ဒေသခံပြည်သူ နှစ်သိန်း
ခြောက်သောင်းကျော်ရေဘေးကြုံတွေ့ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG-MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ MoSLHAကထုတ်ပြန်ထားပါတယ်။


















































