Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက်

စစ်​ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်သား ၂၀ခန့်ပါဝင်ပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(DGRF)၊ရေဖြူ (ပကဖ)ဝေဟင်တပ်စု ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

(​ရေဖြူမြို့အဝင်တစ်​နေရာ ။ဓါတ်ပုံ-CJ)
(​ရေဖြူမြို့အဝင်တစ်​နေရာ ။ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံများက​ပြောသည်။

ရေဖြူမြို့မှ ထားဝယ်မြို့ကို ဆင်းလာသည့်စစ်ကောင်စီတပ်ယာဉ်တန်းကိုညင်းထွေးရွာနှင့် ဇီးကျရွာကြားတွင်ဇူလိုင် ၃၀ ရက်ညနေ ၆နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား ၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိ၊မရှိကို အတိအကျမသိရဟုလည်း ၎င်းကဆက်​ပြောသည်။

စစ်​ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်သား ၂၀ခန့်ပါဝင်ပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(DGRF)၊ရေဖြူ (ပကဖ)ဝေဟင်တပ်စု ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါလမ်းပိုင်းကို စစ်ကောင်စီတပ်များက တပ်ရွှေ့ပြောင်းခြင်း၊လက်နက်ရိက္ခာများ သယ်ဆောင်ခြင်းများတွင်အသုံးပြု​လေ့ရှိပြီး ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များကို ၅ ကြိမ်ထက်မနည်းမိုင်းဆွဲပြီးတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook