Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက်

စစ်​ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်သား ၂၀ခန့်ပါဝင်ပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(DGRF)၊ရေဖြူ (ပကဖ)ဝေဟင်တပ်စု ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

(​ရေဖြူမြို့အဝင်တစ်​နေရာ ။ဓါတ်ပုံ-CJ)
(​ရေဖြူမြို့အဝင်တစ်​နေရာ ။ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံများက​ပြောသည်။

ရေဖြူမြို့မှ ထားဝယ်မြို့ကို ဆင်းလာသည့်စစ်ကောင်စီတပ်ယာဉ်တန်းကိုညင်းထွေးရွာနှင့် ဇီးကျရွာကြားတွင်ဇူလိုင် ၃၀ ရက်ညနေ ၆နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား ၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိ၊မရှိကို အတိအကျမသိရဟုလည်း ၎င်းကဆက်​ပြောသည်။

စစ်​ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်သား ၂၀ခန့်ပါဝင်ပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(DGRF)၊ရေဖြူ (ပကဖ)ဝေဟင်တပ်စု ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

အဆိုပါလမ်းပိုင်းကို စစ်ကောင်စီတပ်များက တပ်ရွှေ့ပြောင်းခြင်း၊လက်နက်ရိက္ခာများ သယ်ဆောင်ခြင်းများတွင်အသုံးပြု​လေ့ရှိပြီး ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များကို ၅ ကြိမ်ထက်မနည်းမိုင်းဆွဲပြီးတိုက်ခိုက်ခဲ့သည်။