Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များ သတိပေး

“ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်” ဟု CDF – KKGက ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ် ရေးရဲဘော်များ သတိပေး
တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ် ရေးရဲဘော်များ သတိပေး

ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် စစ်ကောင်စီတပ် ယနေ့ ညနေတွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

ကလေးနည်းပညာတက္ကသိုလ်၏ တောင်ဘက်ရှိ သာယာကုန်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF (Kalay) ၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF – KKG နှင့် RKDF ပူးပေါင်းတပ်ဖွဲ့များ ယနေ့(သြဂုတ် ၄ရက်)ညနေတွင် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

“စစ်ရေးအခြေအနေများအရ ကလေးတောင်ပိုင်းကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုဖို့ မေတ္တာရပ်ခံအပ်ပါတယ်”ဟု ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး သေနတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများကို မြို့ပေါ်မှ အတိုင်းသားကြားနေရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် CDF – KKG (Chinland Defense Force Kalay-Kabaw-Gangaw)က ထုတ်ပြန်ထားသည်။

“ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်” ဟု CDF – KKGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။