Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များ သတိပေး

“ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်” ဟု CDF – KKGက ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ် ရေးရဲဘော်များ သတိပေး
တိုက်ပွဲပြင်းထန်နေ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ် ရေးရဲဘော်များ သတိပေး

ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် စစ်ကောင်စီတပ် ယနေ့ ညနေတွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

ကလေးနည်းပညာတက္ကသိုလ်၏ တောင်ဘက်ရှိ သာယာကုန်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF (Kalay) ၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF – KKG နှင့် RKDF ပူးပေါင်းတပ်ဖွဲ့များ ယနေ့(သြဂုတ် ၄ရက်)ညနေတွင် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

“စစ်ရေးအခြေအနေများအရ ကလေးတောင်ပိုင်းကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုဖို့ မေတ္တာရပ်ခံအပ်ပါတယ်”ဟု ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး သေနတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများကို မြို့ပေါ်မှ အတိုင်းသားကြားနေရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် CDF – KKG (Chinland Defense Force Kalay-Kabaw-Gangaw)က ထုတ်ပြန်ထားသည်။

“ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်” ဟု CDF – KKGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။