Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝမြို့နယ်မီးဇာရွာဗုံးကြဲမှုပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်က သြဂုတ် ၂၅ ရက်မှာ စိမ့်ညှင်းဝကျေးရွာဘုန်းကြီး​ကျောင်းကိုဗုံးကြဲလို့ ဗုဒ္ဓရုပ်ပွား​တော်​နဲ့​ကျောင်း​ဆောင်ပျက်စီး​နေစဥ်။ ဓါတ်ပုံ-AA Info desk )

ဩဂုတ်-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုဒ္ဓဟူး​နေ့ ညနေပိုင်းလေးနာရီခွဲကျော်အချိန်လောက်မှာ ဂျက်ဖိုက်တာ ၅ စီး၊ Y12 တစ်စီးနဲ့ ဗုံးအ လုံးရေ ၅၀လောက် ကြဲချတိုက် ခိုက်ခဲ့တာပါ။

ဗုံးကြဲမှုကြောင့် သားအမိနှစ်ယောက်နေထိုင်တဲ့ အိမ်ကိုတည့်တည့်ကျရောက်ပေါက်ကွဲကာသေဆုံးခဲ့ပြီး လက်ရှိမှာ​ဒေသခံတွေဟာရွာမှာမနေထိုင်ရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရတဲ့သူကခြောက်ယောက်လို့ သိရတယ်။ အဲဒီထက်များနိုင်သေးတယ်။ ဗုံးကြဲကတည်းက ရွာသားတွေ ရှောင်နေကြတော့ စာရင်းအတိအကျမရဘူး။ ရွာထဲတွေ၊ ရွာနားတွေကိုရော တရစပ်ကြဲနေခဲ့တာကိုး။ အကုန် ကြောက်လန့်ကုန်တယ်။အခု ရွာမှာ လူတောင်မရှိသလောက်ဖြစ်သွားပြီ” လို့ မီးဇာရွာအနီး နေထိုင်တဲ့ ကုန်သည် တဦးက ပြောပါတယ်။

စစ်တပ်ဗုံးကြဲတဲ့မီးဇာရွာဟာအိန္ဒိယ-ရခိုင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် ပလက်၀မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ဖျားမှာ တည်ရှိပါတယ်။အာရက္ခတပ်​တော်(AA)မသိမ်းပိုင်ခင်ကစစ်တပ် အထိုင်ချခဲ့ တရွန်အိုင်ဗျူဟာအနီးကရွာကြီးတရွာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ကို သုံးရက်ဆက်တိုက် လေ ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ဆယ်ချီ ရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တို့မှာလည်း ပလက်၀မြို့နယ် နဲ့ ရွှေလိုက်ဝရွာအနီးဝန်းကျင်နဲ့ စိမ့်ညှင်းဝကျေးရွာ တို့ကို ဗုံးကြဲခဲ့ပြီးစိမ့်ညှင်းဝဘုန်းတော်ကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေအပါအဝင် ၁၀ဦး သေဆုံးပြီး၂၄ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ရခိုင် ပြည်နယ်နဲ့ပလက်ဝမြို့နယ်​တွေကို ပြည်သူ​တွေကိုပါပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ​ကြောင့်အရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ အဲဒီလို စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ် ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ AA ကထုတ် ပြန်၊ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်းအာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။