သတင်း ကနီမြို့နယ်တွင် ရှေ့တန်းပြန် PDF ရဲဘော်များကို ဒေသခံများက သပြေပန်းများဖြင့်ကြိုဆို ယင်းတိုက်ပွဲကို အနိုင်ရ၍ အောင်ပွဲဖြင့် ပြန်လာသော တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက ပန်းစည်း၊ပန်းကုံးများဖြင့်ကြိုဆိုကာ ဆန်အိတ်များ၊ ထောက်ပံ့ငွေများလည်း ထောက်ပံ့ကြကြောင်း သိရသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တိုက်ခိုက်၊ စစ်သားငါးဦးသေပြီးလေးဦးဒဏ်ရာရဟုထုတ်ပြန် ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။ LuduNwayOoဇူလိုင် 25, 2022
သတင်း ဒကစမှထွက်လာသောစစ်ကားများကိုသုံးကြိမ်တိူင်မိုင်းဆွဲတိုက်ခိုက်ရာစစ်သား ၅ဦးသေဟု ကလေးPDF ပြော မိုင်းထိသည့် ကားကို ကူညီရန် ဇူလှိုင် ၂၃ ရက် မနက် ၈နာရီခန့်တွင် ကလေး ဒကစမှ စစ်ကူများရောက်လာပြီး စစ်ဆေးမှုများပြုလုပ်နေစဉ် PDF(ကလေး)က အသင့်တပ်ဆင်ထားသော မိုင်းများကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း ဆော – ဆိပ်ဖြူလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဆော PDFထုတ်ပြန် အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည် PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီး PDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ပြည်သူများဆင်းရဲကြပ်တည်းအောင် ဆက်လုပ်နေပါက အသေဆိုးနှင့်သေရမည်ဟု စစ်ကောင်စီခန့်အုပ်ကြီးများကို တကောင်း PDF သတိပေး "ခုသတိပေးစာထုတ်တာကို သူတို့ကြားသိရမှာပါ။ ရှေ့ ဆက်တိုးပြီး မရပ်ရင်တော့ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတဲ့ ပြည်သူတစ်ချို့နဲ့ ဒလန်၊ ပျူအုပ်စုကို လက်တွေ့ပြလုပ်ဆောင်သွားပါမယ်"ဟု တကောင်း PDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ကင်မွန်းခြုံရွာတိုက်ပွဲစစ်ကူသွားပြီး ပြန်လာသည့် PDF များကို ဒေသခံများက သပြေပန်းဖြင့် ကြိုဆို စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ခင်ဦးမြို့နယ်တွင် ဒေသခံများအားသတ်ဖြတ်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခုနစ်ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော်နှင့် ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်သွား လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ဖောင်းပြင်နယ် မိုင်းချောင်းတိုက်ပွဲ ပကဖနှင့် PDF ရှစ်ဦးကျဆုံး၊ စစ်ကောင်စီ တပ်မှလည်း ဦးခြောက်ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိနိုင် ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 24, 2022
နိုင်ငံတကာ ကျိုက်ထိုတွင် စစ်ကောင်စီဂိတ်တစ်ခုကို KNU/PDF ပူးပေါင်းတပ် တိုက်ခိုက် အဆိုပါ တိုက်ခိုက်မှုကိုကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNU/KNLA) တပ်ရင်း(၃)နှင့် KRF ပူးပေါင်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 23, 2022