Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကင်မွန်းခြုံရွာတိုက်ပွဲစစ်ကူသွားပြီး ပြန်လာသည့် PDF များကို ဒေသခံများက သပြေပန်းဖြင့် ကြိုဆို

စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Voice of Kalay
ဓာတ်ပုံ - Voice of Kalay

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ကင်မွန်းခြုံကျေးရွာ တိုက်ပွဲသို့ စစ်ကူသွား ရောက်ပြီး ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF)များကို ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ယမန်နေ့ (ဇူလိုင် ၂၃) ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်က ကလေးမြို့နယ် မြစ်သာမြစ် အရှေ့ဘက်ခြမ်းရှိ ကင်းမွန်းခြုံ ကျေးရွာတွင် နံနက်၁၀ နာရီမှ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PDF Kalay က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာ ကင်မွန်းခြုံကျေးရွာမှ နေအိမ် ၉ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Voice of Kalay
ဓာတ်ပုံ – Voice of Kalay

ကင်မွန်းခြုံကျေးရွာတိုက်ပွဲကို PDF (Kalay) တပ်ရင်း(၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) ၊ CNDF-Vakok ၊ CDF – KKG နှင့် RKDF တို့ ညီနောင်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များ ကင်မွန်းခြုံ ကျေးရွာမှ ထွက်ခွာပြီးနောက် နယ်မြေရှင်းလင်းရာ တပ်ရင်း (၂)မှ ရဲဘော်တစ်ဦး နင်းမိုင်းမိ၍ ညာဘက်ခြေတစ်ချောင်း ထိခိုက်ခဲ့ရသည်။

အဆိုပါ ကင်မွန်းခြုံကျေးရွာတိုက်ပွဲတွင် စစ်ကူအဖြစ် ပါဝင်တိုက်ခိုက်ခဲ့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ယမန်နေ့ (ဇူလိုင် ၂၃) ၌ ပြည်သူများက ဝမ်းသာအားရ ကြိုဆိုဂုဏ်ပြုကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။