Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် ရှေ့တန်းပြန် PDF ရဲဘော်များကို ဒေသခံများက သပြေပန်းများဖြင့်ကြိုဆို

ယင်းတိုက်ပွဲကို အနိုင်ရ၍ အောင်ပွဲဖြင့် ပြန်လာသော တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက ပန်းစည်း၊ပန်းကုံးများဖြင့်ကြိုဆိုကာ ဆန်အိတ်များ၊ ထောက်ပံ့ငွေများလည်း ထောက်ပံ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - MDF
ဓာတ်ပုံ - MDF

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား တိုက်ခိုက်ပြီး ပြန်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်များကို ဒေသခံပြည်သူများက သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း MDF အဖွဲ့က ယနေ့ (ဇူလိုင် ၂၅) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က စစ်ကောင်စီဝင် အင်အား ၇၀ခန့်ရှိ စစ်ကောင်စီ တပ်စစ်ကြောင်းသည် ကနီမြို့နယ်၊ ငဖျက် ပန်းဆိုင်း ရွာကို ဝင်ရောက် မီးရှို့‌ချိန်တွင် MDF -Special Force ၊ MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ကနီမြို့နယ် (ပကဖ)တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - MDF
ဓာတ်ပုံ – MDF

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး MDF- Special Force မှ စနိုက်ပါ၊ 40mm , ရှော့တိုက် Rocketများနှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးခဲ့ပြီး ကျန်စစ်ကောင်စီဝင်များ ထွက်ပြေးခဲ့ကြောင်း MDF အဖွဲ့က ဆိုသည်။

ယင်းတိုက်ပွဲကို အနိုင်ရ၍ အောင်ပွဲဖြင့် ပြန်လာသော တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက ပန်းစည်း၊ပန်းကုံးများဖြင့်ကြိုဆိုကာ ဆန်အိတ်များ၊ ထောက်ပံ့ငွေများလည်း ထောက်ပံ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းကို MDF- Special Force၊ MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ကနီမြို့နယ် (ပကဖ)တပ်ဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့