Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖောင်းပြင်နယ် မိုင်းချောင်းတိုက်ပွဲ ပကဖနှင့် PDF ရှစ်ဦးကျဆုံး၊ စစ်ကောင်စီ တပ်မှလည်း ဦး‌ခြောက်ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိနိုင်

ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။

ဖောင်းပြင်နယ်
ဖောင်းပြင်နယ်

စစ်ကောင်စီတပ်က စစ်မြှူပြီးတောင်ကုန်းပေါ်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ပြည်သူ့ရဲဘော်များ ကျဆုံးမှုများပြားခဲ့ရ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် မိုင်းချောင်းဒေသ၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှလည်း ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ဖောင်းပြင် PDFက အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ရက်က မော်လိုက်မြို့နယ် ခါတွန်ရွာသို့ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ရာ ဖောင်းပြင်တောင်ဘက်ပိုင်း မှ PDF နှင့် (ပကဖ)များ စစ်ကူသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထို့နောက် စစ်ကော်စီတပ်က စစ်ကူထပ်ပို့ ထိုးစစ်ဆင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းစစ်ကြောင်းသည် ဖောင်းပြင် တောင်ပိုင်းသို့ ဆက်လက် စစ်ကြောင်းထိုးမည်ဟု ယူဆ၍ မိုင်းချောင်းရွာရှိ (ပကဖ)များ၊ မာန်သဲအုပ်စုမှ ပကဖ များနှင့် PDFနောက်ချန်အင်အား၊မော်လိုက်မှPDFနှင့် (ပကဖ)ပူးပေါင်းအဖွဲ့တို့ဖြင့် မိုင်းချောင်းရွာသို့မဝင်ရောက်နိုင်ရေးအတွက် ဇူလိုင် ၁၈ရက်မှစ၍ ဝိုင်းရန် ပိတ်ဆို့ထားခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၂၂ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းသည်မိုင်းချောင်းရွာ အစွန်ရှိတောင်ကုန်းပေါ် ထိ ထိုးဖောက်ရောက်ရှိလာပြီးအပေါ်စီးမှနေရာ ယူထားခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှ အင်အား ၂၀ခန့်သည် မိုင်းချောင်းရွာ တွင်းသို့ရောက်ရှိလာရာ PDFများ၊ ပကဖ များနှင့်နှစ်ဖက်ထိတွေ့ မှုစတင် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ပစ်ဆုတ်ဆုတ်သွား၍ လိုက်လံ တိုက်ခိုက်ရာ တောင်ကုန်းပေါ်၌ နေရာယူထားသော စစ်ကောင်စီတပ်သား များက လက်နက်ငယ်များ၊စက်ကလေး၊ စက်လက်၊၆၀မမ၊၈၁မမ၊ RPG 7 တို့ဖြင့်ပစ်ခတ်ကြ၍ ပကဖရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး တို့ ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

PDF နှင့် ပကဖ ပူးပေါင်းတပ်များသည်လည်း စစ်ကောင်စီတပ်နောက်ကျောမှ ထိုးဖောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်များရှေ့ဆက်တက်မလာနိုင်ဘဲ နောက်ဆုတ်သွားကြရကြောင်း၊ ၎င်းတို့ဆုတ်ခွာရာလမ်းကြောင်းကို နောက်မှလိုက်လံတိုက်ခိုက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရ သူများလည်းရှိခဲ့ကြောင်း ဖော်ပြထားသည်။

“စစ်ကောင်စီက အကျအရှုံးများပြီး ပြန်ဆုတ်သွားတယ်။ ပြီးတော့ အင်အားစုပြီး ပြန်တက်လာ တယ်။ အဲ့ဒီနောက် တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်တယ်။နောက်ပြီး စစ်တပ်လည်း ကစဥ့်ကလျား ထွက်ပြေးရတာ။ ကျွန်တော်တို့ နယ်မြေရှင်းလင်းတော့ မူးယစ်ဆေးဝါးတွေ သုံးထားတဲ့ အနေအထားတွေ တွေ့တယ်”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

မော်လိုက်နှင့် ဖောင်းပြင်ဒေသ၌ ဇူလိုင် ၁၇ရက်မှ ၂၂ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၂ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း ဖောင်းပြင် PDF၏ ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဥ်၁/၆၃ ဟုရေးမှတ်ထားသောအတောင့်(၂၀)ပါကျည်ကဒ်(၁)ကဒ်၊ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံး​ပြုသည့်စွန့်ပစ်ပစ္စည်းအများအပြားကိုလည်းတွေ့ရှိရသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ဇွန်လ ၂၆ ရက်မှစပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဖော်ဆောင်နေသည်။

သတင်း

ကျောက်မဲမြို့တွင် ဇူလိုင် ၁၄ ရက်ညနေပိုင်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားနှစ်ဦးထပ်မံဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

သတင်း

မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။