Connect with us

Hi, what are you looking for?

သတင်း

ဆော – ဆိပ်ဖြူလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဆော PDFထုတ်ပြန်

အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည် PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီး PDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - PDF-SAW
ဓာတ်ပုံ - PDF-SAW

စစ်ကောင်စီတပ်စွဲထားသည့် ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပြန်လည်ရယူနိုင်ခဲ့

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် ဆော – ဆိပ်ဖြူလမ်းပိုင်း၌တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ဆောပြည်သူ့ ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းရှိ နဂါးပွက်တောင်ကုန်းတွင် ဇူလိုင် ၁၈ရက်ကတည်းက ဘန်ကာများတူးကာ တပ်စွဲထားသော စစ်ကောင်စီအင်အား ၁၈၀ခန့်ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ၊ မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိကာ ယမန်နေ့ ဇူလိုင် ၂၃ရက်တွင် နောက်ကြောင်းပြန် ဆုတ်ခွာသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည် PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီး PDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ ကားနဲ့တစ်ကြောင်း ခြေလျင်နဲ့တစ်ကြောင်း နှစ်ကြောင်း ဆုတ်သွားတယ် မနေ့ညနေတုန်းက။ ဆိပ်ဖြူက လာတဲ့တပ်တွေ။ တိုက်ပွဲတွေက ၂ရက် ၃ရက် ဆက်တိုက်ဖြစ်တာ။ ၂၁ရက်နေ့က စဖြစ်တာ။ စဖြစ်တဲ့နေ့က ၅ယောက်သေပြီး ထိခိုက်ဒဏ်ရာရတယ်။ မိုင်းထိပြီးတော့ ။နောက်နေ့လည်း တိုက်ပွဲဖြစ်တယ်။ အထိနာတယ်လို့ပဲကြားတယ်”ဟု ဆော PDFနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း PDF ရဲဘော်များ ထိခိုက်မှုမရှိဟု ထုတ်ပြန်ထား သည်။

ဒေသတွင်း PDFများအနေဖြင့် တိုက်ပွဲကာလ ရက်ရှည်စွာ တိုက်ခိုက်ခဲ့ရခြင်း ကြောင့် လက်နက်၊ ခဲယမ်း အမြောက်အများ သုံးစွဲခဲ့ရပီး ပြန်လည်ထုတ်လုပ် တပ်ဆင်နိုင်ရေး ကူညီလှူဒါန်း ပေးကြရန်လည်း ဆောPDFက ပြည်သူများသို့ အကူအညီတောင်းခံသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ