Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများဆင်းရဲကြပ်တည်းအောင် ဆက်လုပ်နေပါက အသေဆိုးနှင့်သေရမည်ဟု စစ်ကောင်စီခန့်အုပ်ကြီးများကို တကောင်း PDF သတိပေး

“ခုသတိပေးစာထုတ်တာကို သူတို့ကြားသိရမှာပါ။ ရှေ့ ဆက်တိုးပြီး မရပ်ရင်တော့ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတဲ့ ပြည်သူတစ်ချို့နဲ့ ဒလန်၊ ပျူအုပ်စုကို လက်တွေ့ပြလုပ်ဆောင်သွားပါမယ်”ဟု တကောင်း PDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(တကောင်းမြို့ပေါ် တစ်နေရာ ။ ။ဓါတ်ပုံ-CJ)
(တကောင်းမြို့ပေါ် တစ်နေရာ ။ ။ဓါတ်ပုံ-CJ)

ပြည်သူများဆင်ရဲကြပ်တည်းအောင် ဆက်လုပ်နေပါက အသေဆိုးနှင့်သေရမည်ဟု စစ်ကောင်စီခန့်အုပ်ကြီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အား တကောင်း PDF က ယနေ့(ဇူလိုင် ၂၄)တွင် သတိ ပေးချက် ထုတ်ပြန်လိုက်သည်။

တကောင်းမြို့ ဖုန်ကုန်းအုပ်စု အင်ပျံကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် အင်ပျံရွာပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅,၀၀၀ ကောက်ခံနေပြီး တောင်းသည့်ငွေအားမပေးပါက စစ်တပ်ကိုခေါ်၍ နေအိမ်များဖျက်ဆီးစေမည်ဟု ခြိမ်းခြောက်နေကြောင်း ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီအားပေးလုပ်ဆောင်နေသူများမှာ အင်ပျံကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦးသိန်းထွန်း၊ ဦးတင်မော်၊ ဦးအောင်ညွန့်ဆိုသူများဖြစ်ပြီး ပြည်သူများဆင်းရဲ ကြပ်တည်းမှုကို လက်လျှူရှု့ကာ တစ်ဘို့ထဲကြည့်၍ ယခုလိုဆက်လုပ်နေလျှင် အသေဆိုးနှင့် သေရမည်ဖြစ်ကာ အ သိ၊ သတိရှိစေရန် သတိပေးတားမြစ်သည်ဟု ထုတ်ပြန် သည်။

“ခုသတိပေးစာထုတ်တာကို သူတို့ကြားသိရမှာပါ။ ရှေ့ ဆက်တိုးပြီး မရပ်ရင်တော့ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတဲ့ ပြည်သူတစ်ချို့နဲ့ ဒလန်၊ ပျူအုပ်စုကို လက်တွေ့ပြလုပ်ဆောင်သွားပါမယ်”ဟု တကောင်း PDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၏ လုပ်ရပ်များကို ပြည်သူကတိုင်ကြားလာခြင်းကြောင့် သက်ဆိုင် ရာအုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်ပြီး သတိပေးစာအကြိမ်ကြိမ်ထုတ်ခဲ့သော်လည်း ဂရုမပြု အထင်သေးသည့်သဘောဖြင့် ယခုကဲ့သို့လုပ်ဆောင်နေသည့်အပေါ် မလိုက်နာသူကို အရေးယူတော့မည်ဟု သတိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။