Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် ဒေသခံများအားသတ်ဖြတ်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်

အကြမ်းဖက်စစ်သား ၉ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသခံများအားသတ်ဖြတ်မီးရှို့ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ကာ အကြမ်းဖက်စစ်သား ၉ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၂၃ရက်)မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း ကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ​​ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ မောင်းကျောက်တော ကျေးရွာအနီးတွင် ၂နာရီ ကြာထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ People’s Spring ကထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ဒဏ်ရာရ အကြမ်းဖက်စစ်သားများအား ယနေ့နံနက်ပိုင်းတွင် မောင်းကျောက်တောရွာ အရှေ့ဘက် သရက်ခြံထဲတွင် ဆေးကုသနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခင်ဦးနယ်စပ် ကန့်ဘလူနယ် ကျီစုကျေးရွာရှိ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံ၂၀နီးပါး အကြမ်းဖက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook