Connect with us

Hi, what are you looking for?

သတင်း

ဒကစမှထွက်လာ​သောစစ်ကားများကိုသုံးကြိမ်တိူင်မိုင်းဆွဲတိုက်ခိုက်ရာစစ်သား ၅ဦး​သေဟု က​လေးPDF ​ပြော

မိုင်းထိသည့် ကားကို ကူညီရန် ဇူလှိုင် ၂၃ ရက် မနက် ၈နာရီခန့်တွင် ကလေး ဒကစမှ စစ်ကူများရောက်လာပြီး စစ်ဆေးမှုများပြုလုပ်နေစဉ် PDF(ကလေး)က အသင့်တပ်ဆင်ထားသော မိုင်းများကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေးPDF)
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-က​လေးPDF)

▪︎တိုက်ခိုက်မှုအတွင်းပြည်သူတစ်ဦးဒဏ်ရာရ၍ ထိခိုက်သူနှင့်မိသားစုကို က​လေးPDF​တောင်းပန်၊စစ်သားများရှိ​သောနေရာနှင့်ယာဥ်များအနီးအချိန်မ​ရွေး​ပေါက်ကွဲနိုင်၍သတိရှိကြရန်​မေတ္တာရပ်ခံ

က​လေးမြို့ရှိ စစ်​ကောင်စီတပ်၏ ကလေးဒေသကွပ်ကဲမှစစ်ဌာနချုပ်(ဒကစ)မှ ထွက်လာသည့်စစ်ကားများကိုသုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း PDF(ကလေး)က ယနေ့ထုတ်ပြန်သည်။

ကလေးမြို့ ဒကစမှထွက်လာသည့် စစ်ကားများအားယမန့်နေ့(ဇူလိုင် ၂၃ရက်) မနက် ၇နာရီခန့်တွင် စစ်ကားတစ်စီးမောင်းနှင်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကားကိုမိုင်းထိခဲ့သော်လည်း ဆက်လက်မောင်းပြေးသွားသည်။ ထိုနောက် ကားတစ်စီးထပ်မံမောင်းနှင်လာရာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာမိုင်းထိပြီးထိုကားမှာလမ်းဘေးထိုးရပ်သွားခဲ့သည်ဟုသိရသည်။

မိုင်းထိသည့် ကားကို ကူညီရန် ဇူလှိုင် ၂၃ ရက် မနက် ၈နာရီခန့်တွင် ကလေး ဒကစမှ စစ်ကူများရောက်လာပြီး စစ်ဆေးမှုများပြုလုပ်နေစဉ် PDF(ကလေး)က အသင့်တပ်ဆင်ထားသော မိုင်းများကို ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုမိုင်းခွဲတိုက်မှုများကြောင့် စစ်သား ၅ဦးသေဆုံးပြီးဒဏ်ရာရရှိသူများအများအပြားရှိခဲ့​ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်ဦးမတော်တဆ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ထိုထိခိုက်မှုကြောင့် ပြည်သူနှင့် မိသားစုကို အနူးအညွတ်တောင်းပန်အပ်သည်ဟု PDF(ကလေး)က​​​တောင်းပန်သည်။

စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်ရာတွင်ပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ၊ အဆောက်အဦးများနှင့် မော်တော်ယာဉ်များအနီးတွင် ပေါက်ကွဲမှုများ အချိန်မ​ရွေးဖြစ်ပေါ်နိူင်၍ လုံခြုံရေးအထူးသတိပြု၍ နေထိုင်သွားလာကြရန် PDF
(ကလေး)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook