Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တိုက်ခိုက်၊ စစ်သားငါးဦးသေပြီးလေးဦးဒဏ်ရာရဟုထုတ်ပြန်

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုး
အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုး

တောင်ငူမြို့ အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၁)မှ ယမန်နေ့ (ဇူလိုင် ၂၄)ညနေပိုင်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။

ပြည်သူ့ခုခံတွန်းလှန်စစ်၏အစိတ်အပိုင်းတစ်ခုအဖြစ်ဇူလိုင် ၂၄ ညနေ ၄ နာရီ ၄၀ ခန့်က အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာနှင့် သရက်ပင်ကုန်းရွာကြား စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းအား ကင်းရှည် ကင်းပုန်းမှ ရှော့တိုက်ပြောင်း၊ လက်နက်ငယ်များနှင့် ပစ်ခတ်ပြီး လက်ဦးမှုရယူခဲ့သည်ဟု​ဖော်ပြထားသည်။

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အမြန်လမ်းအ​နောက်ဘက်သို့ စစ်​ကြောင်းထိုးလာ​​သောစစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​ကြောင်း ​ဒေသခံအချို့ကလည်း ပြောသည်၊တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်
ပြည်သူ့ဘက်မရပ်တည်သည့် အာဏာရှင်မှိုင်းမိနေသောမည်သည့်အဖွဲ့အစည်းမဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook