Hi, what are you looking for?
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ကြီးသေဆုံးခဲ့မှုမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ လက်နက်ချလိုသည့် ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ (၂၂)၊ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲတို့ ယနေ့(ဧပြီ ၂၈ရက်)တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲဝင် (၁၀)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။