Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းရှိ ဒမငယ်ရဲကင်းစခန်းကို PDFများ တိုက်ခိုက်သိမ်းပိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဒမငယ်ရဲကင်းစခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ်ခြောက်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒမငယ်ရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသော တော်လှန်ရေးရဲဘော်များ။ဓာတ်ပုံ - P23801

မေ ၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဒမငယ်ရဲကင်းစခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ်ခြောက်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(မေ ၂ ရက်)နံနက် ၃ နာရီ ၅၀မိနစ်ခန့်က နတ်တလင်းမြို့နယ်အရှေ့ဘက် ဒမငယ်ရွာရှိ စစစ်သား၊ ရဲနှင့်ပျူစောထီးများ တပ်စွဲထားသော ဒမငယ်ရဲကင်းစခန်းအား သာယာဝတီခရိုင်၊အ မှတ်(၁)တပ်ရင်း(P23801) တပ်ခွဲ(၂)၊ တပ်ခွဲ (၆) နှင့် နတ်တလင်းမြို့ပကဖ တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်ချိန် ၁ နာရီခန့်ကြာမြင့်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ကျန်အင်အားများ စခန်းစွန့်ထွက်ပြေးသွားသည်ဟု ဒမငယ်ရဲကင်းစခန်းအား သိမ်းပိုက်ရာတွင်ပါဝင်သည့် သာယာဝတီခရိုင် တပ်ရင်းအမှတ်(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ခါတိုင်းဆိုရင် ၁၅ယောက်လောက်ပဲရှိတယ်။ အင်အားကတော့ ပုံမှန်ရှိမနေပါဘူး။ ကျန်တဲ့သူတွေက စခန်းကိုစွန့်ခွာပြီး ထွက်ပြေးသွားတယ်”ဟု ဒမငယ်ရဲကင်းစခန်းတိုက်ခိုက်မှုအခြေအနေကို ၎င်းက ဆက်ပြောသည်။

စခန်းစွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် နှစ်ဦးဒဏ်ရာရသွားရာ တောင်ညိုကွက်သစ်ဆေးရုံး၌ ကုသမှုခံယူနေစဥ် တစ်ဦးသေဆုံးသွားခြင်းကြောင်း ဒမငယ်ရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ စုစုပေါင်း သုံးဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်းမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ G3တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် သုံးလက်၊ ၆၀ မမ စိန်ပြောင်း တစ်လက်၊ ဗုံးသီးနှင့် ကျည်များသိမ်းဆည်းရရှိခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း စခန်းစွန့်ထွက်ပြေးသွားသူများအနက် ဒဏ်ရာရသူနှစ်ဦးမှာ ပျူစောထီးများဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း အမှတ်(၁)ထံမှ စုံစမ်းသိရပြီး တိုက်ခိုက်မှုအပြီး ဒမငယ်ရဲကင်းစခန်းအခြေ အနေကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သုံးရက်ဆက်တိုက်ခိုက်ပြီးနောက် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာဘက်မှတအုန်းအုန်းအသံများထွက်ပေါ်လာသည်။ ချောင်းဦးမြို့နယ်အတွင်းမှာလည်း နေ့စဥ်ရက်ဆက် လေကြောင်းပစ်လိုက်၊ လက်နက်ကြီးထုလိုက်ဖြင့် ပြည်သူကို အကြောင်းမဲ့ပစ်ခတ်နေသော စစ်ကောင်စီက ဒီတခါလည်း လက်နက်ကြီးဖြင့် ထုပြန်လေပြီ။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် အင်အားထပ်မံဖြည့်တင်းကာ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ဦးတည်လှုပ်ရှားနေကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

Facebook