Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ-တောင်သာလမ်းပိုင်းကို လတ်တလော အသုံးမပြုကြဖို့ PDF မေတ္တာရပ်ခံ

မန္တလေးတိုင်း မြင်းခြံခရိုင်က မြင်းခြံ-တောင်သာလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လတ်တလောအသုံးမပြုကြဖို့ မြင်းခြံခရိုင် PDF အမှတ် (၇) တပ်ရင်းက မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မေ – ၁ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မြင်းခြံခရိုင်က မြင်းခြံ-တောင်သာလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လတ်တလောအသုံးမပြုကြဖို့ မြင်းခြံခရိုင် PDF အမှတ် (၇) တပ်ရင်းက မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မြင်းခြံ – တောင်သာလမ်းပိုင်းကို န​ယ်မြေအခြေအနေအရ အသုံးမပြုကြဖို့ ဧပြီလ ၂၇ ရက်က ထုတ်ပြန်ထားတာပါ။

တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက မြင်းခြံ – တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” အဲလမ်းပိုင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်၊စစ်ကြောင်းတိုးလာပြီး ထိတွေ့တိုက်ပွဲဖြစ်တာ”လို့ အဲဒီ တော်လှန်ရေးတပ်ဖွဲဝင်တစ်ဦးကပြောပါတယ်။

မြင်းခြံ – တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင် အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတာက မနေ့ ဧပြီ ၃၀ ရက်အထိဆိုရင် ၃ ​ရက်ကြာပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် ဧပြီလ ၂၆ ရက်ကစတင်ပြီး စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ် အနောက်ခြမ်း ကို လည်း စစ်ကြောင်းထိုးရာမှာ တော်လှန် ရေး တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားကြပါတယ်။

ဒါအပြင် မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး မြို့နယ် တကြောကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook