Connect with us

Hi, what are you looking for?

သတင်း

မောင်မယ်ရှောင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးသေဆုံးမှုမှာ လက်နက်ချလိုသည့်ပြည်သူ့စစ်မှုထမ်း၏ ပစ်သတ်မှုကြောင့်ဟု PDF စစ်ဆင်ရေးမှူးပြော

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ကြီးသေဆုံးခဲ့မှုမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ လက်နက်ချလိုသည့် ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းတိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းမိသော စစ်သုံ့ပန်းများနှင့် သိမ်းရသော လက်နက်များ။ဓာတ်ပုံ − Dawna Column

မေ ၂၊၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ကြီးသေဆုံးခဲ့မှုမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ လက်နက်ချလိုသည့် ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

“ကျနော်တို့ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောပြချက်အရပေါ့။ အဓိကတော့ သူထိသွားတာကတော့ ၅.၅၆ နဲ့ အနောက်ကျည်ထိတာပေါ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမဟုတ်ဘူး။ အနောက်က ပစ်တာပေါ့ အနောက်က ပစ်လို့ထိသွားတာလို့ သုံးသပ်ရတာပေါ့”ဟု ၎င်းက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဧပြီ ၂၆ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ၁၆ ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း တိုက်ပွဲဝင်တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် စစ်ကောင်စီဗိုလ်ကြီးသည် တိုက်ပွဲဖြစ်ပွားစဉ် နောက်ကျည်(စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သည့်ကျည်) ထိမှန်ခဲ့သည်ကို တွေ့ရသကဲ့သို့ ဖမ်းမိစစ်သုံ့ပန်းများကလည်း ပြောပြကြောင်း PDF ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

” ဟုတ်ပါတယ်။ မောင်မယ်ရှောင်မှာ တိုက်ပွဲမှာ အဓိက တော့ ပစ(ပြည်သူ့စစ်မှုထမ်း)တွေများတာပေါ့။ ပစတွေဆိုတာလည်း သူတို့ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ ကလေးတွေပေါ့။ အတင်းအကြပ်ခိုင်းစေထားတဲ့ သူတွေဖြစ်တဲ့အတွက် တိုက်ပွဲတွေက သူတို့အတွက် အသေခံပြီးတိုက်ဖို့ဟာကလည်း မဖြစ်နိုင်ဘူးပေါ့။ တိုက်ပွဲ နည်းနည်းကြာလာတာနဲ့ သူတို့ ထွက်ပြေးချင်တယ်။ ဟိုကလည်း အတင်းအကြပ် ခိုင်းစေတာပေါ့။ နောက်ဆုံးထွက်ပြေးတဲ့သူကို အရာရှိကိုယ်တိုင်က ပစ်သတ်တဲ့ဟာ မကြာမကြာ တွေ့လာရတဲ့အနေအထားအပေါ်မှာ အောက်မှာ ရှိတဲ့ ပြည်သူ့စစ်တွေကလည်း အမိန့်ပေးတဲ့သူကို ပြန်တုန့်ပြန်တဲ့အနေအထား သဘောမျိုးဖြစ်တာပေါ့”ဟု ရဲဘော် စောဒါးကိုက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူစစ်မှုထမ်းများကို အတင်းအကျပ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ ပို့ဆောင်လျက်ရှိရာ အဆိုပါ ပြည်သူစစ်မှုထမ်းအများအပြားသည် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာရန် ဆက်သွယ်မှုများရှိသည်။ ဒေါနတပ်ရင်းများထံသို့ ဆက်သွယ် အလင်းဝင်သူများစွာရှိဟု ရဲဘော်စောဒါးကိုက ပြောသည်။

လက်ရှိ အခြေအနေတွင် စစ်ကောင်စီ၏ တပ်မှူးငယ်များအနေဖြင့် စစ်ကောင်စီဗိုလ်ချုပ်များ၊ ၎င်းတို့၏ မိသားစုဝင်များ၏ အကျိုးစီးပွားအတွက် အသက်သေဆုံးနေရခြင်းသည်မတန်ကြောင်း ရဲဘော်စောဒါးကိုက ပြောသည်။

” တချို့တွေက မိသားစုနဲ့ခြိမ်းခြောက်ခံထားရတယ်။ တချို့တွေက လည်း အခွင့်အရေးတွေ ပေးထားတယ်။ ဒါတွေ မျှော်လင့်ချက်တွေနဲ့ ဒီကောင်တွေက မထွက်ပြေးနိုင်တာ။ တော်တော်များများက လောင်းရိပ်မိနေတာ။ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွား သူတို့ရဲ့ မိသားစု သားသမီးတွေရဲ့ အကျိုးစီးပွားအတွက် အသေခံပေးနေတဲ့ တပ်မှူးငယ်တွေလည်း အများကြီးတွေ့ရတယ်”ဟု ရဲဘော် စောဒါးကိုက ပြောသည်။

ထိုသို့ အသက်ပေးရခြင်းသည် တိုင်းပြည်အတွက် မဟုတ်ကြောင်း၊ ထို့ကြောင့် ရုန်းထွက်သင့်ချိန်၌ ရုန်းထွက်ကြရန် စစ်ကောင်စီ အရာရှိငယ်များကို ရဲဘော် စောဒါးကိုက တိုက်တွန်း အကြံပြုသည်။

တော်လှန်ရေးဘက် ကူးပြောင်းပူးပေါင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။