Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ကို ယခုနှစ်အတွင်း ရအောင်သိမ်းနိုင်ရေးကြိုးစားမည်ဟု PDFရဲဘော်များ ပြော

အိန္ဒိယ − မြန်မာနယ်စပ်ရှိ တမူးမြို့ကို ယခု ၂၀၂၅အတွင်း သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စတင်နေပြီးသိမ်းနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ပြောသည်။

တမူးမြို့တွင် တော်လှန်ရေးရဲဘော်များဝန်းရံပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသည်ကို ၂၀၂၂ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၃၀၊၂၀၂၅။မိုးမိုး/People’s Spring

အိန္ဒိယ − မြန်မာနယ်စပ်ရှိ တမူးမြို့ကို ယခု ၂၀၂၅အတွင်း သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စတင်နေပြီးသိမ်းနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ပြောသည်။

ဧပြီ ၂၉ရက်ကပြုလုပ်သည့် ကဘော်ညီနောင်ကမ်ပိန်း၌ ပြည်သူများ ပါဝင်စေရေး နှိုးဆော်သည့် စကားဝိုင်း ဆွေးနွေးပွဲတွင် တမူးခရိုင် အမှတ်(၁) တပ်ရင်းနှင့် အမှတ်(၂) တပ်ရင်းမှ ရဲဘော်များက တမူးမြို့သိမ်း စစ်ဆင်ရေး အရေးပါမှု၊ ကဘော်ညီနောင်ကမ်ပိန်း၌ ပြည်သူများ ပါဝင်ရန် လိုအပ်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

တမူးခရိုင်အတွင်း စစ်ဆင်ရေးသည် အခြားခရိုင်များနှင့်မတူဘဲ တော်လှန်ရေးတပ်များအနေဖြင့် စစ်ကောင်စီကိုသာမက ပျူစောထီး၊ ကသည်း၊ နာဂ၊ ရှမ်းနီ SNA တို့ကိုပါ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တမူးခရိုင် PDF ရဲဘော်တို့က ပြောသည်။

Public Service Announcement

Public Service Announcement

တမူးမြို့တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးအားကောင်းသကဲ့သို့ ကသည်းနှင့် နာဂလက်နက်ကိုင်များသည် အိန္ဒိယနိုင်ငံအတွင်း သွားလာနိုင်သည့် အခြေအနေရှိကြောင်း၊ တမူးမြို့ရရှိရေးအတွက် တိုက်ခိုက်ရန် စိတ်ခေါ်မှုများစွာရှိသော်လည်း အမြန်ဆုံး သိမ်းပိုက်ထိန်းချုပ်နိုင်မှသာ အခြား ခရိုင်များ သိမ်းပိုက်ရေး များစွာ အထောက်အကူဖြစ်စေမည်ဟု စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်သည့် တမူးခရိုင် PDF ရဲဘော်က ပြောသည်။

” စစ်ကောင်စီအင်အား နည်းတယ်ဆိုပေမယ့် တိုက်ရမယ့်နေရာက အရမ်းကျယ်ပြန့်တယ်။ စစ်တပ်တခုလတည်း ရည်ရွယ်ပြီး တိုက်ရမှာ မဟုတ်ဘူး။ ရဲဘော်တွေကတော့ အကောင်းဆုံးအထိ ကြိုးစားသွားမယ်။ ဒီနှစ်ထဲမှာ ဒီမြို့ကို သိမ်းမယ်။ အကောင်းဆုံးရအောင်လုပ်ဆောင်သွားမယ်”ဟု တမူးခရိုင် PDF ရဲဘော်က ပြောသည်။

ထို့ကြောင့် အကျအရှုံးနည်းနည်းဖြင့် အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ရေး ကဘော်ညီနောင် ကမ်ပိန်း၌ ပါဝင်သွားရန် ပြည်သူများကို တိုက်တွန်းလိုကြောင်း၊ လက်ရှိတိုက်ပွဲများ၌ ရဲဘော်အချို့ မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရကြောင်း ၊ ကျည်ကာ၊ ဦးထုပ်များ အပြည့်အ၀ မဆင်ပေးနိုင်ခဲ့၍ ဖြစ်ကြောင်း ပြောသည်။

ပြည်တွင်း၊ပြည်ပ ကူညီထောက်ပံ့နေသည့် အဖွဲ့များအပါအဝင် ပြည်သူများ၏ပါဝင်မှု တော်လှန်ရေးတပ်များ ပူးပေါင်းပြီး တမူးမြို့သိမ်း စစ်ဆင်ရေးကို တချီတည်း ရုန်းနိုင်ပါက ကျန်မြို့များကို ထိုးစစ်ဆင်ရာ၌ ထောက်ပို့အပါအဝင် ကျန်သည့်လိုအပ်ချက်များ ပိုမိုဖြည့်ဆည်းနိုင်မည်ဟု ပြောသည်။

“တမူးမြို့ဆိုတာကြီးကို ကျနော်တို့ ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ ကလေးမြို့ဆိုတာသိမ်းဖို့အတွက်က မခဲယဉ်းတော့ဘူး”ဟု တမူးခရိုင် PDF ရဲဘော်က ပြောသည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် လေကြောင်းရန် သတိပြုရန်လည်း ၎င်းတို့က သတိပေးသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ပြည်သူရှိရာ နေရာများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေသည်ကို တွေ့ရဟု ပြောသည်။ ယင်းသို့ တိုက်ခိုက်နေမှုသည် ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးခွဲနေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များရှိ၍ ဗုံးကြဲခံရသည်ဟု အမြင်ကို ရိုက်ထည့်နေခြင်းဖြစ်ကြောင်း PDF ရဲဘော်က ပြောသည်။

စစ်ကိုင်းတိုင်း ကလေးနှင့် တမူးခရိုင်များပါဝင်သည့် ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မတ်လ ၂၂ရက်တွင် ပြောကြားထားသည်။

ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၂ရက် ညပိုင်းကကျင်းပခဲ့ရာ ဝန်ကြီး ဦးရည်မွန်တက်ရောက်ခဲ့ပြီး ထိုသို့ ပြောကြားခဲ့သည်။ ကဘော်ညီနောင် Project ကို မတ်လ ၂၂ရက်က စတင်ကာ ဧပြီ ၂၀ရက်အထိ သတ်မှတ်ထားပြီး ရန်ပုံငွေကျပ်သိန်း တစ်သောင်း ရရှိရေး ရှာဖွေရန် ရည်ရွယ်ထားကြောင်း အသိပေးထားသည်။ယခု ရန်ပုံငွေရှာဖွေမှုသည် အဖွဲ ၁၄ဖွဲအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူများတက်နိုင်သရွေ့ ပါဝင်ကြရန် တိုက်တွန်းထားသည်။

ချင်းတွင်းမြစ်နှင့် အိန္ဒိယနယ်စပ်အကြား ချိုင့်ဝှမ်းလွင်ပြင်ဒေသ ဖြစ်သော ကဘော်ဒေသသည် အမှတ်(၁) စစ်ဒေသ၏ အရေးကြီးသည့်ဒေသဖြစ်ပြီး ယင်းဒေသ၌ ကလေးနှင့် တမူးမြိုများ ပါဝင်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ သမိုင်းတလျှောက် အရေးပါခဲ့သည့် ယင်းကဘော်ဒေသကို လွတ်မြောက်နယ်မြေ ဖြစ်ရေး ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

ကဘော်ချိုင့်ဝှမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင်တည်ရှိသည့် ကုန်းမြင့်ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၏ နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။

” ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသအနေနဲ့လည်း ဒီဒေသ ဒီနယ်မြေ လွတ်မြောက်ရေးကို အထူးဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက်နေတာလည်းရှိတယ်လို ပြောရပါမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တော်လှန်ရေးအစပိုင်းကတည်းက ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲများဖြစ်သော ကချင် KIA၊ ချင်း CNF/CNA၊ ကရင်နီ KNPP/KA၊ ABSDF တို ပါဝင်သော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိင်းရေးကော်မတီ(C3C)၏ သဘောတူဆုံးဖြတ်ချက်အရ အမှတ်(၁) စစ်ဒေသကို ၂၀၂၂ နှစ်လယ်ပိုင်း၌ စတင်ဖွဲစည်းခဲ့ခြင်းဖြစ်ဟု ရှင်းပြသည်။

ကလေးနှင့် တမူးခရိုင် နှစ်ခုလုံးတွင် နယ်မြေစိုးမိုးထိန်းချုပ်မှုကို PDF တပ်မတော်က အဓိက ရယူထားကြောင်း၊ စစ်ကောင်စီ လုံး၀ ကင်းစစ်ခြင်းမရှိသေးသော်လည်း တနယ်လုံးကို PDFများ ထိန်းချုပ်ထားကြောင်း ရှင်းပြသည်။ကလေးနှင့်တမူးမြိုတိုတွင်သာ စစ်ကောင်စီ အကျွင်းအကျန်များ ရှိနေသည်ဟု ဝန်ကြီး ဦးရည်မွန်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

သတင်း

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။

Facebook