သတင်း ဝမ်ယိ လာပြီးနောက် စစ်ကောင်စီ၏ တရုတ်မုန်းတီးရေးလှုံ့ဆော်မှုများရပ်ဆိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီးနောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီးရေး လှုံ့ဆော်မှုများရပ်တန့်သွားသည်။ ludunwayooဩဂုတ် 16, 2024
သတင်း တိုက်ပွဲမရှိဘဲ ကျောက်မဲမြို့နယ် ဟူးကွက်ရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်း တိုက်ခိုက် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားပြီးဖြစ်သည့် ရှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျောင်းဆောင်ပျက်စီးပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ ludunwayooဩဂုတ် 16, 2024
သတင်း ပုသိမ်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ ရေတပ်လက်နက်ကြီး ရမ်းပစ် ဒေသခံပြည်သူများထိတ်လန့်၊ ကျောင်းများပိတ် ludunwayooဩဂုတ် 16, 2024
သတင်း လားရှိုးတွင်မရှိတော့သည့် ရမခ ကို မိုင်းရယ်ဗျူဟာ၌ စစ်ကောင်စီနေရာပြန်ချဟုဆို လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA )က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကမိုင်းရယ်မြို့တွင် ဌာနချုပ်အသစ်ဟုဆိုကာထပ်မံဖွင့်လှစ်လိုက်ကြောင်းစုံစမ်းသိရသည်။ ludunwayooဩဂုတ် 16, 2024
သတင်း PV ပတ်စ်ပို့နဲ့ အလုပ်ထွက်လုပ်မယ့်သူတွေကို စစ်ကောင်စီ တားမြစ်မယ် အလည်အပတ် (PV ) ပတ်စ်ပို့နဲ့ ပြည်ပမှာအလုပ်ထွက်လုပ်မယ့်သူတွေကို နိုင်ငံကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက ဒီနေမှာ ကြေညာပါတယ်။ ludunwayooဩဂုတ် 15, 2024
သတင်း ကော့ကရိတ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး၊ ၅ဦးဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး သေဆုံးထိခိုက်သူများထဲတွင် ကလေးငယ်များ ပါဝင်သည်ဟု KNU ဗဟိုက အသိပေးသည်။ ludunwayooဩဂုတ် 15, 2024
သတင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO လက်နက်ကြီးပစ်ခတ်၍ ပအိုဝ်းဒေသခံအမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ အသက် (၄၀)အရွယ် မိခင်တစ်ဦး သေဆုံးကာ သုံးနှစ်အရွယ် သားငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပြသည်။ ludunwayooဩဂုတ် 15, 2024
သတင်း တရုတ် အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး တောင်းဆို တရုတ်ကို အပုပ်ချရန် ကြိုးပမ်းသောလုပ်ရပ်တွေကို တရုတ်က ဆန့်ကျင်မှာ ဖြစ်တယ်လို့လည်း ဝမ်ကသတိပေး ludunwayooဩဂုတ် 15, 2024
သတင်း နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 14, 2024
သတင်း သီပေါတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ၅ရက်အတွင်း အရပ်သား ၁၁ဦးသေဆုံး တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းမြောက် သီပေါမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများနေ့စဉ်ပစ်ခတ်၍ (၅)ရက်အတွင်း အရပ်သား ၁၁ဦးသေဆုံးခဲ့ပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 14, 2024