Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ် နှင့် ထိစပ်​နေသောဧရာဝတီတိုင်းမှမြို့များတွင် စစ်တပ်က အများပြည်သူပိုင်နေရာများ၌ဝင်​ရောက်တပ်စွဲ

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်​နေသောဧရာဝတီတိုင်းရှိ မြို့များမှ ဆေးရုံများ၊ ဘောလုံးကွင်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလိုက်ပြီး အရပ်သားများအားဖမ်းဆီးမှုများ ပြုလုပ်လာသည်။

ရခိုင်ပြည်နယ် နှင့် ထိစပ်​နေ​သော ဧရာဝတီတိုင်းမှမြို့နယ်များကို Google Earth တွင်​တွေ့ရမှု

သားကြီး/People’s Spring

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်​နေသောဧရာဝတီတိုင်းရှိ မြို့များမှ ဆေးရုံများ၊ ဘောလုံးကွင်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလိုက်ပြီး အရပ်သားများအားဖမ်းဆီးမှုများ ပြုလုပ်လာသည်။

အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် မကြာမီတွင် ဧရာဝတီတိုင်း၌လည်း တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ​ဒေသခံပြည်သူများကြား​ပြောဆိုနေကြသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအထိစစ်ရေးကျယ်ပြန့်လာမည်ကို စိုးရိမ်နေသည့်စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နှင့် နယ်‌မြေချင်းထိစပ်နေသော ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် အများပြည်သူပိုင်နေရာများ၌ ဝင်ရောက်တပ်စွဲလာ​ကြောင်း ဒေသခံများကပြောသည်။

“ရေကြည်မှာဆို ဘောလုံးကွင်းမှာတပ်စွဲလိုက်ပြီ။ ကျန်တဲ့မြို့တွေမှာလည်း ဆေးရုံတွေ၊ ဘုရားဝင်းတွေမှာ တပ်စွဲနေပြီ။ မြို့တိုင်းမှာ ရခိုင်ပြည်နယ်ဘက်ကစစ်ဘေးရှောင်တွေ ရောက်လာကြသလို စစ်တပ်ကလည်း အကြောင်းမျိုးစုံနဲ့ဖမ်းနေပါတယ်။ ဒါက လက်ရှိ ဧရာဝတီအခြေ အနေပါ”ဟု ပုသိမ်ခရိုင်မှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ၎င်းတို့တပ်စွဲထားသည့်နေရာများလို့ ဆန်အိတ်များ၊ ရေသန့်ဘူးများ ပို့ဆောင်နေသည်ကိုတွေ့ရသည်ဟု ဒေသခံများကပြော

သည်။ လာရောက်တပ်စွဲသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ပြည်သူ့စစ်သင်တန်းဆင်းအများအပြားပါဝင်နေသည်ဟု ​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်းမြို့နယ်အများအပြား၌အရပ်ဝတ်များဖြင့် သ

တင်းစုံစမ်းထောက်လှမ်းနေသလို စစ်ကားများဖြင့်လည်း ကင်းလှည့်နေသည်ကို တွေ့နေရသည်။

“ဧည့်စာရင်းစစ်မယ်လို့ လိုက်ကြေညာနေတယ်။ စစ်ရှောင်တွေကို ပစ်မှတ်ထားမယ့်အနေအထားရှိတယ်။ ဖမ်းတာ ဆီးတာတွေလည်း လုပ်နေတယ်” ဟု ရေကြည်မြို့ခံတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် ဩဂုတ်လ ၁၆ရက်နံနက် ၉နာရီခန့်က စစ်ကောင်စီရေတပ်ဘက်၌ သေနတ်ပစ်ခတ်မှုများ ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့သည်။ ယနေ့(သြဂုတ်လ ၁၇ရက်)တွင်ပုသိမ်ကမ်းနားနှင့်မြစ်ဝ၌ ‌ စစ်ရေယာဉ် ရေယာဉ်အချို့ရှိနေကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်အတွင်း မြို့နယ်အများပြားသည်လည်း ရခိုင်ရိုးမ နှင့်ထိစပ်၍ ဆက်သွယ်သွားလာနိုင်သလို ၊ ပင်လယ်ရေကြောင်းဖြင့်ပါ ဆက်စပ်နေသည်။

AA၏ထိုးစစ်သည် ယခုအခါ ဂွမြို့အနီးရောက်ရှိလာပြီး ဂွနှင့် သံတွဲမြို့ကြားရှိ ကျိန္တလီမြို့၌လည်း တိုက်ပွဲများဆက်ဖြစ်နေသည်။ကျိန္တလီမြို့ပေါ်၌ စစ်ကောင်စီစခန်းများမရှိတော့ဘဲ လက်နက်ကြီးနှင့်လေကြောင်းမှတိုက်ခိုက်နေခြင်းဟု သတင်းရရှိသည်။

ဟင်္သာတခရိုင်အတွင်း ရခိုင်ရိုးမတနေရာ၌ စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ဩဂုတ်လဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်းသေဆုံးကြောင်း သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား

Facebook