Connect with us

Hi, what are you looking for?

သတင်း

ဝမ်ယိ လာပြီး​နောက် စစ်​ကောင်စီ၏ တရုတ်မုန်းတီး​ရေးလှုံ့​ဆော်မှုများရပ်ဆိုင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီး​နောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်​​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများရပ်တန့်သွားသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးလာပြီး​နောက် တရုတ်ကိုမျက်နှာလုပ်​ရေးသားဝါဒဖြန့်မှုများ

ဒီးဒီ/People’s Spring

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီး​နောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်​​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများရပ်တန့်သွားသည်။

စစ်ကောင်စီလက်အောက်ရှိ စစ်တိုင်း ၁၄ခုအနက် တတိယမြောက် အင်အားအတောင့်တင်းဆုံးဖြစ်ပြီး စစ်အုပ်စုတွင် သမိုင်းတလျှောင်အောင်ပွဲအလီလီရဖူးသည်ဆိုကာ ‘နေဝန်းနီ’ဟု ဂုဏ်ယူလေ့ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျဆုံးပြီး ​နောက် စစ်အုပ်စုသြဇာခံ အမျိုးသားရေးအစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများက သြဂုတ် ၆ရက်က လမ်းပေါ် ထပ်ထွက်လာပြီး MNDAAနှင့်အတူ တရုတ်ဆန့်ကျင်ရေးကိုပါဆန္ဒပြခဲ့ကြသည်။ နေပြည်တော်၊ရန်ကုန်အပါအဝင် စစ်ကောင်စီစိုးမိုးထားသော မြို့ကြီးအချို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သော NP Newsမှတဆင့် ကျော်မျိုးမင်းက ရှမ်းမြောက်ဒေသရှိ တရားမဝင်တရုတ်နိုင်ငံသားများအား ရှင်းလင်းရန် သြဂုတ် ၇ရက်ညပိုင်းက လှုံ့ဆော်ပြောဆိုခဲ့သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များဖြစ်သော ကျော်စွာ၊ မှိုင်းဝေ၊ Ko thet၊ Local News Mediaစသည့်ချန်နယ်လ်များက တရုတ်ဆန့်ကျင်မုန်တီးရေး လှုံ့​ဆော်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

စစ်​ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးမလာခင် တရုတ်မုန်းတီး​ရေးလှုံ့​ဆော်မှုများ

ထို့အပြင် ရှမ်းမြောက်၌ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေမှာ တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကသြဂုတ် ၅ရက်က ပြောသည့်မိန့်ခွန်းတွင် သွက်ဝိုက်၍ ပြောဆိုခဲ့သည်။မြန်မာ – တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများတည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာ အင်အားများကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။MNDAA ၏တိုက်ခိုက်ရေး ဒရုန်းများကို ပြင်ပကြေးစားနည်းပညာရှင်များက အကူအညီပေးကာ အဆင့်မြှင့်ထားသည်ဟု မင်းအောင်လှိုင်က စွပ်စွဲထားသည်။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ် ၁၄ရက်က နေပြည်တော်သို့လာရောက်ပြီး အာဏာရှင်​ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ ၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံအပြီး တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်သူများမှာ ချက်ချင်းအသံတိတ်သွားခဲ့သည်။ ဆန္ဒပြမှုများလည်း ရပ်သွားခဲ့သည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးလာ​ရောက်အပြီး တရုတ်ဆန့်ကျင်​ရေးစာများ​ရေးသားလှုံ့​ဆော်မှုများချက်ချင်းရပ်တန့်သွားသည်။

ဝမ်ယိနှင့် အာဏာသိမ်း​ခေါင်​​ဆောင်​တွေ့ဆုံစဥ် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ​ပြောကြားခဲ့​ကြောင်းတရုတ် နိုင်ငံပိုင်သတင်းဌာနဆင်ဟွာကမြန််မာဘာသာဖြင့်​ဖော်ပြသည်။ထိုသို့​ပြောဆိုခြင်းမှာ စစ်​ကောင်စီ၏ တရုတ်မုန်းတီး​ရေးလှုံ့ဆော်နေမှုများကို သတိ​ပေးခဲ့ခြင်းဖြစ်​​ကြောင်းပြည်သူများက သုံးသပ်ကြသည်။

စစ်​ကောင်စီဝါဒဖြန့် မီဒီယာများတွင် အဆိုပါ သတိပေးပြောဆိုချက်ကို မဖော်ပြကြပေ။သို့​သော် သြဂုတ် ၁၂ ရက် မှစ၍ တရုတ်မုန်းတီး​ရေးလှုံ့​ဆော်မှုများမှာရချက်ချင်းရပ်တန့်သွားသည်။

“တရုတ်ကို ကြောက်ရတာ အားလုံးသိပြီးသားပဲလေ။ ဆန္ဒပြခိုင်းတယ်ဆိုတာလည်း သူတို့လိုချင်တာရှိလို့ တမင်ပြခိုင်းတာ။ ဟိုကမကြိုက်ဘူးပြောလိုက်တော့ ချက်ချင်းအသံတိတ်သွားတာ”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

သြဂုတ် ၁၆ ရက်ညနေပိုင်းတွင်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်ဖြစ်သော ကျော်စွာအကောင့်က အောင်နိုင်သူ(ဇွဲကပင်)ဆိုသူ ရေးသားထားသော တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးစီးပွားကိုရှေ့ရှုသည့် မေတ္တာရပ်ခံ အကြံပြု(၈)ချက်ကို ဖော်ပြ၍ တရုတ်ကိုမျက်နှာလုပ်၍ ​ရေးသားထား သည်ကိုပင်​တွေ့ရသည်။

“တရုတ် – မြန်မာနိုင်ငံဟာ ပထဝီ နိုင်ငံရေးအရရော သမိုင်းကြောင်းရပ်တည်မှုအရပါ ရှေးနှစ်ပေါင်းများစွာထဲက အစဥ်လာကြီးမားခဲ့တဲ့ ဆွေမျိုး

ပေါက်ဖော်တွေ ဖြစ်ကြလို ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေဆိုတဲ့စကားပုံအတိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်လက်နေထိုင်သွားကြခြင်းဖြင့် နှစ်နိုင်ငံတည်ငြိမ်ရေး ၊နှစ်နိုင်ငံ အကျိုးစီးပွား ဖွံဖြိုးတိုးတက်ရေးတိုကိုအလေးထားဆောင်ရွက်ပေးစေလိုကြောင်းအလေးထားတောင်းဆိုရေးသားလိုက်ရ ပါတယ်။ တရုတ်သမ္မတကြီးနှင့်တကွ တရုတ်

-မြန်မာနှစ်နိုင်ငံ ရှိ ပြည်သူလူထု အပေါင်းလည်း ကျန်းမာချမ်းသာကြပါစေ”ဟု ရေးသားဝါဒဖြန့်ထားခြင်းဖြစ်သည်။

ထို့အပြင် ​ထိုချန်နယ်လ်ကပင် ​မောင်​ကောင်ရိပ် ဆို​သောက​လောင်ဖြင့် “ဆက်ဆံ​ရေး၏ အလှည့်အ​ပြောင်း မိုးသားကင်းစင်​တဲ့​​ကောင်းကင်ပြာဆီ”​ခေါင်းစဥ်ဖြင့် တရုတ်ဝန်ကြီး ခရီးစဥ်မှာ စစ်​ကောင်စီ၏ ​အောင်ပွဲ ၊ နှစ်နိုင်ငံဆက်ဆံ​ရေး​ကောင်းပြန်တည်​ဆောက်နိုင်ပြီဖြစ်​ကြောင်း​ရေးသားဝါဒဖြန့်ထားသည်ကိုလည်း​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။