Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင်မရှိ​တော့သည့် ရမခ ကို မိုင်းရယ်ဗျူဟာ၌ စစ်ကောင်စီနေရာပြန်ချဟုဆို

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA )က သိမ်းပိုက်‌ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကမိုင်းရယ်မြို့တွင် ဌာနချုပ်အသစ်ဟုဆိုကာထပ်မံဖွင့်လှစ်လိုက်​ကြောင်းစုံစမ်းသိရသည်။

ဇူလိုင် ၁၂ ရက်က SSPP/SSAတပ်ဖွဲ့ဝင်များမိုင်းရယ် မြို့ အတွင်းဝင်​ရောက်လာစဥ်။ ဓာတ်ပုံ - SSPP

ဇော်ရမ်း/People’s Spring

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA )က သိမ်းပိုက်‌ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကမိုင်းရယ်မြို့တွင် ဌာနချုပ်အသစ်ဟုဆိုကာထပ်မံဖွင့်လှစ်လိုက်​ကြောင်းစုံစမ်းသိရသည်။

ရမခဌာနချုပ်ကို မိုင်းရယ်ဗျူဟာထဲတွင် ဖွင့်လိုက်ခြင်းဖြစ်ပြီး လားရှိုးနှင့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်နှင့်လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် သီပေါမြို့ခုခံစစ်အတွက် အသစ်ခန့်ထား​သော ရမခတိုင်းမှူး ဆို​သော ဗိုလ်ချုပ်မြင့်ကျော်ထွန်းက ထိုနေရာမှ ကွပ်ကဲနေကြောင်း နေပြည်တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ရမခ မရှိ​တော့​သော်လည်းဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ် ဩဂုတ်လ ၁၁ရက်မှ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ပြီး မူလက စစ်ကောင်စီတပ်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဖြစ်သည်။

” မိုင်းရယ်က လားရှိူး၊သီပေါနဲ့ တန့်ယန့်မြို့တွေနဲ့ ဆက်တယ်။ အခုကတော့ မိုင်းရယ်ဗျူဟာမှာ ရမခအသစ်တည်တယ်။ ရှမ်းမြောက်မှာ သူတို့(စစ်ကောင်စီ)ရသလောက် ပြန်ယူချင်တဲ့ စဉ်းစားချက်ရှိတယ်။ လက်တွေ့အခြေအနေအရ မလွယ်ပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ရှမ်းပြည်နယ်​မြောက်ပိုင်း​ဒေသတစ်ခုလုံးတွင် စစ်​ကောင်စီ တပ်ရှိ​သော မြို့နယ် ​လေးမြို့နယ်သာကျန်ရှိ​တော့ပြီး မိုင်းရယ်အပါအဝင်ဖြစ်သည်။ မူးဆယ် ၊သီ​ပေါ ၊မိုင်းရယ် နှင့် တန့်ယန်းမြို့တို့တွင်သာစစ်​ကောင်စီတပ်ကျန်ရှိသည်။ ထို​လေးမြို့တွင်လည်း သီ​ပေါမြို့ရှိစစ်တပ်စခန်းများကို TNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်၍ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ စစ်တပ် တပ်ရင်း သုံးခုဖြစ်​သော ခလရ (၂၃ ) ၊ခမရ (၅၀၃ ) ၊ ခမရ (၅၀၄)တို့တွင်သာစစ်တပ်ကျန်၍ ခံစစ်ဖြင့်တိုက်​နေခြင်းဖြစ်သည်။

မူဆယ်၁၀၅ မိုင်ကိုလည်း ညီ​​နောင် မဟာမိတ် ၃ ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တပ်မှာ မြို့​ပေါ်တွင်သာကျန်ရှိ​တော့ခြင်းဖြစ်သည်။ တန့်ယန်းမြို့တွင်လည်း ဝပ်တပ်ဖွဲ့-UWSA တပ်ဖွဲ့များဝင်​ရောက်တပ်စွဲထားသည်။ မိုင်းရယ် မြို့တွင်လည်း SSPP/SSA တပ်ဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ​ဒေသတည်ငြိမ်ရန်ဆိုကာ အင်အား ၁၀၀၀ ​ကျော်ဖြင့် ဝင်​ရောက်တပ်စွဲခဲ့​သေးသည်။

မိုင်းရယ်မြို့သည်လားရှိုးခရိုင်တွင်ပါဝင်ပြီး ရှမ်းပြည်နယ်​တောင်ပိုင်းနှင့် ဆက်စပ်​နေသည်။ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုစလုံး၌ မိုင်းရယ်မြို့အနီးဝန်းကျင်တွင် တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်။ လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဒေသခံအချို့ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့ကို MNDAAက စတင်တိုက်ခိုက်ပြီး​နောက် ဇူလိုင် တတိယပါတ်တွင် ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုစစ်ကောင်စီက ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။ တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရမခတွင်ပင်ရှိနေစဉ် MNDAAက လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးခဲ့သည်။

ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေခြင်းဖြစ်ပြီး ယခုအခါ ၎င်းအား ထပ်မံထုတ်ပယ်၍ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို တာဝန်ပေးခြင်းဖြစ်သည်။ တဆက်တည်းတွင် ရမခဌာနချုပ်ကို မိုင်းရယ်ဗျူဟာ၌ နေရာချခြင်းဖြစ်သည်။

ကမခတိုင်းစစ်ဌာနချုပ်တစ်ခု ဆုံးရှုံးရခြင်းသည် အာဏာသိမ်းစစ်အုပ်စုအတွင်း အလွန်တုန်လှုပ်စေခဲ့သည်။MNDAAက ဩဂုတ်လ ၃ရက်တွင် ရမခအား သိမ်းယူပြီး‌ နာရီပိုင်းအတွင်း ရမခခုခံစစ်ကို တိုက်ရိုက်ညွှန်ကြားခဲ့သည့် အမှတ် ( ၂ ) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၂) မှူးဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအား စစ်​ကောင်စီကအပြစ်လွှဲချကာရာထူးမှ ထုတ်ပယ်ခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးအစား ကစထ (၂)မှူးအဖြစ် စစ်​ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဒုတိဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ခန့်အပ်ခဲ့သည်။

လက်ရှိတွင် မိုင်းရယ်မြို့အနီးပတ်ဝန်းကျင်ရှိ လားရှိုးမြို့နယ်တခုလုံးကို MNDAAက ထိန်းချုပ်ထားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကွပ်ကဲမှုအောက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခု၊ အခြေချ စစ်ဗျူဟာအဖွဲ့ သုံးဖွဲ့၊ လှုပ်ရှားစစ်ဗျူဟာအဖွဲ့နှစ်ဖွဲ့နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆)ရင်းအား ရှမ်းမြောက် ၁၀၂၇စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း သြဂုတ်လဆန်းအထိ့ မြောက်ပိုင်းညီနောင်သုံးမဟာမိတ် သုံးဖွဲ့နှင့် အပိုင်း(၂)

တွင် ကိုးကန့်တပ် (MNDAA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။လားရှိုးမြို့ သိမ်းပြီး​နောက် သြဂုတ် ၅ ရက်တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ရှိသည်ဆို​သော

စကခ(၁) နှင့် ခမရ(၅၀၁)၊ ခမရ(၅၀၂) အပါအဝင် ကျောက်မဲမြို့နယ်ရှိ စစ်တပ်စခန်းအားလုံးကို TNLA ဦး​ဆောင်​သော ပူးပေါင်းတပ်များကထပ်ံသိမ်းပိုက်ခဲ့သည်။ထို​ကြောင့် ၁၀၂၇ ပထမလှိုင်းတွင် ညီ​နောင် ၃ ဖွဲ့က မြို့ ၁၇ မြို့ ၊ ဒုတိယလှိုင်းတွင် ​တော်လှန်​ရေးတပ်ဖွဲ့များက ယခုအချိန်ထိ မြို့ ၆ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုအပြင်

​နောင်ချို မြို့ရှိစစ်တပ်စခန်းများကိုအ ပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသလို ၊မူဆယ်မြို့ရှိ စစ်​ကောင်စီတပ်များကိုလည်း အလင်းဝင်ရန် ကမ်းလှမ်းထား​ကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။