Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လမ်းကြောင်းပြောင်းလဲရေး အမေရိကန် ဆက်လက်ဖိအားပေးမည်

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Tom Sullivan ဦးဆောင်သည့်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတအပါအဝင် တော်လှန်ရေးအင်အားစုများ သြဂုတ် ၁၆ ရက်တွင် တွေ့ဆုံခဲ့ရာ စစ်ကောင်စီကို ဆက်လက်ဖိအားပေးရေး အရေးကြီးမှုနှင့် အကြမ်းဖက်မှုများ ကျယ်ပြန့်လာချိန်တွင် မည်သည့်အဖွဲ့အစည်းကဖြစ်စေ ကျူးလွန်သော ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုမြှင့်တင်ရေး အမေရိကန်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွေ့ဆုံမှုတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUCC ကောင်စီဝင်များ၊ K2C(KNU၊ KNPP၊ CNF)ခေါင်းဆောင်များတက်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်နှင့်အတူ အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအေဂျင်စီ(USAID)လက်ထောက်အုပ်ချုပ်ရေးမှူးတို့လည်း တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခ အဆုံးသတ်ကာ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အာဆီယံနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ အထက်ပါအကြံပေးပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်များက အတူတကွလုပ်ဆောင်ရန် ကတိပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

အထက်ပါတွေ့ဆုံမှုတွင် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူလူထုအတွက် လိုအပ်နေသော လိုအပ်ချက်များ၊ အထူးသဖြင့် လူသားချင်းစာနာမှု အထောက်အကူပေးခြင်း၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နိုင်သည့် နေရာများ ပိုမိုများပြားလာချိန်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပေးအပ်ရန်၊ လိုအပ်ချက်များကို တိုက်ရိုက်ကူညီပေးရန် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။