News KNU တပ်မဟာ(၅) တိုက်ခိုက်၍ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်းသေ ဇန်နဝါရီ ၁၀ရက် နံနက်တွင်လည်း နို့ခဲချောင်းအနီး ကင်းဝပ်နေသည့် စစ်ကောင်စီ တပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News စစ်ကောင်စီခေါင်းဆောင်ကိုလူရာသွင်းဖို့ ကြိုးပမ်းတဲ့ ဟွန်ဆန်ရဲ့လုပ်ရပ် တရုတ်ထောက်ခံ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။ LuduNwayOoဇန်နဝါရီ 11, 2022
News ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ထပ်မံတိုက်ခိုက်ခံရ "စစ်တပ်ကို ဇီးကုန်းပွိုင့်မှာ ညီနောင်တော်လှန်ရေးတပ်များ ပူးပေါင်းပြီး မိုင်းဆွဲတာ OK ကြောင်း သတင်းရရှိပါတယ်။အကျအဆုံးတော့ မသိရသေးပါ။"ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News စစ်ကောင်စီကြောင့် အရပ်သားများ ဒုက္ခမျိုးစုံကြုံနေရမှုရပ်တန့်နိုင်ရေး အမြန်အရေးယူရန် နိုင်ငံတကာကို NUG ထပ်မံပန်ကြား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကိုလေကြောင်းမှလည်းကောင်း၊ မြို့တွင်း၌တင့်ကားများအသုံးပြု၍လည်း ကောင်း သာလွန်အင်အားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News စစ်ကောင်စီကျန်းမာရေးကုသမှုကို မယုံကြည်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးကို အရေးယူမည်ဟုဆို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမေရိကန်သံရုံးက တစုံတရာတုံ့ပြန်ကြေညာခြင်းမရှိသေးပေ။ LuduNwayOoဇန်နဝါရီ 11, 2022
News ရေဦးတွင် စစ်ကောင်စီတပ်ကို PDFသုံးဖွဲ့ပေါင်းတိုက်ခိုက် "မနေ့ညက ည ၇ နာရီလောက်မှာ ချမ်းသာရွာထဲဝင်ပြီး ပစ်ခတ်နေတယ်။ ရွာတွေလည်းထွက်ပြေးနေရတယ်။"ဟု ရေဦးဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News လေချုပ်ကို စစ်ကောင်စီခေါင်းဆောင်အနားပေး စစ်ကောင်စီ လေချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မိတ္ထီလာမှာ ကျင်းပတဲ့လေယောဉ်မောင်းသင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ LuduNwayOoဇန်နဝါရီ 11, 2022
News မတ္တရာတွင် PDFစခန်းကို စစ်ကောင်စီတပ်ဝင်စီးရာ သတင်းကြိုရ၍ မိုင်းထောင်၍ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ကိုးဦးသေ၊ ၁၅ဦးထက်မနည်း ဒဏ်ရာရဟုဆို စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ၊လက်နက်ငယ်သုံးသဖြင့် တိုက်ပွဲအတန်ကြာဖြစ်ပွားကာ DFM မှ ကာပစ်ရင်း ဆုတ်ခဲ့ပြီးနောက် ကင်းစောင့်နေသော ရဲဘော်များနှင့် ထိတွေ့မှုထပ်မံဖြစ်ပေါ်၍ စစ်ကောင်စီဘက်မှ သာလွန်အင်အားနှင့် လိုက်လံပစ်ခတ်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 11, 2022
News မုံရွာတွင် ပါဆယ်ဗုံးခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် CCTVမှတ်တမ်းများမှတဆင့် ဗုံးလာချသည်ဟုသိရ၍ သွားရောက်ကာ ဗုံးတွေ့ရှိချိန် ထပေါက်ကွဲ၍ စစ်ကောင်စီတပ်သား၄ဦး သေဆုံးကြောင်း၊ သေဆုံးသူများထဲတွင် မကြာမီနယ်ပြောင်းရမည့် ဒုရဲအုပ်တစ်ဦး ပါဝင်ကြောင်း မုံရွာချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်နှစ်ဦး ဒဏ်ရာရ “နှစ်ဖက် အပြန်အလှန်ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ ဟိုဘက်က လက်နက်ကြီးနဲ့ ခြောက်ချက်လောက်ပစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 11, 2022