Connect with us

Hi, what are you looking for?

News

ကျေးရွာများသို့ စစ်ကြောင်းဖြန့်လာသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ရာ ၁၁ဦးခန့်သေဆုံးနိုင်ဟု သရက် -ကံမပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထုတ်ပြန်

ဇန်နဝါရီ ၅ ရက်ကလည်း သရက်ခရိုင် ရဲမှူးလိုက်ပါလာသည့် ယာဥ်တန်းကိုတိုက်ခိုက်ခဲ့မှု အပါအဝင် ယခုလ အတွင်း သရက်ခရိုင်၌ စစ်ကောင်စီလက်အောက်ခံ နေရာခုနှစ်ခုထက်မနည်း တိုက်ခိုက်ခံထားရသည်။

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းဖြန့်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးခန့် ထိခိုက် သေဆုံးနိုင်ကြောင်း သရက် – ကံမပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၁ ရက်) နံနက် ၉နာရီ မှ နေ့လည် ၁၁နာရီ အထိ အကြမ်းဖက်စစ်ကောင်စီတပ်က မင်းတုန်း မြို့နယ် ယော၊ သမ္ဗူလ ကျေးရွာများအနီးတွင် တက်ကြွလှုပ် ရှားသူများကို ခြိမ်းခြောက်ရန်ရှာခြင်း၊ လူသစ် အဓမ္မစုဆောင်းခြင်းနှင့် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးရန် လာရောက်ခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားနည်းဖြင့် စစ်ကောင်စီစစ်သားများ မိုင်းကွင်းကို ဖြတ်စဉ် တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့(၁၁ဦး)ခန့် ထိထိမိမိ မိုင်းထိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရသည်ဟု သရက် – ကံမပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် အဖွဲ့သားရဲဘော်များ အားလုံးဘေးကင်း အန္တရာယ်ကင်းစွာဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း အသိပေးသည်။

ဇန်နဝါရီ ၅ ရက်ကလည်း သရက်ခရိုင် ရဲမှူးလိုက်ပါလာသည့် ယာဥ်တန်းကိုတိုက်ခိုက်ခဲ့မှု အပါအဝင် ယခုလ အတွင်း သရက်ခရိုင်၌ စစ်ကောင်စီလက်အောက်ခံ နေရာခုနှစ်ခုထက်မနည်း တိုက်ခိုက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့