Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျေးရွာများသို့ စစ်ကြောင်းဖြန့်လာသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ရာ ၁၁ဦးခန့်သေဆုံးနိုင်ဟု သရက် -ကံမပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထုတ်ပြန်

ဇန်နဝါရီ ၅ ရက်ကလည်း သရက်ခရိုင် ရဲမှူးလိုက်ပါလာသည့် ယာဥ်တန်းကိုတိုက်ခိုက်ခဲ့မှု အပါအဝင် ယခုလ အတွင်း သရက်ခရိုင်၌ စစ်ကောင်စီလက်အောက်ခံ နေရာခုနှစ်ခုထက်မနည်း တိုက်ခိုက်ခံထားရသည်။

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းဖြန့်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးခန့် ထိခိုက် သေဆုံးနိုင်ကြောင်း သရက် – ကံမပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၁ ရက်) နံနက် ၉နာရီ မှ နေ့လည် ၁၁နာရီ အထိ အကြမ်းဖက်စစ်ကောင်စီတပ်က မင်းတုန်း မြို့နယ် ယော၊ သမ္ဗူလ ကျေးရွာများအနီးတွင် တက်ကြွလှုပ် ရှားသူများကို ခြိမ်းခြောက်ရန်ရှာခြင်း၊ လူသစ် အဓမ္မစုဆောင်းခြင်းနှင့် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးရန် လာရောက်ခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားနည်းဖြင့် စစ်ကောင်စီစစ်သားများ မိုင်းကွင်းကို ဖြတ်စဉ် တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့(၁၁ဦး)ခန့် ထိထိမိမိ မိုင်းထိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ရသည်ဟု သရက် – ကံမပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောသည်။

ယနေ့တိုက်ပွဲတွင် အဖွဲ့သားရဲဘော်များ အားလုံးဘေးကင်း အန္တရာယ်ကင်းစွာဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၅ ရက်ကလည်း သရက်ခရိုင် ရဲမှူးလိုက်ပါလာသည့် ယာဥ်တန်းကိုတိုက်ခိုက်ခဲ့မှု အပါအဝင် ယခုလ အတွင်း သရက်ခရိုင်၌ စစ်ကောင်စီလက်အောက်ခံ နေရာခုနှစ်ခုထက်မနည်း တိုက်ခိုက်ခံထားရသည်။