Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅) တိုက်ခိုက်၍ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်းသေ

ဇန်နဝါရီ ၁၀ရက် နံနက်တွင်လည်း နို့ခဲချောင်းအနီး ကင်းဝပ်နေသည့် စစ်ကောင်စီ တပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

တပ်မဟာ(၅)မှ ထုတ်ပြန်သည့် စစ်ရေးသတင်းများအရ ဇန်နဝါရီ ၈ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ​လေးဦး၊ ၉ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ဇန်ဝါရီ ၁၀ရကက်တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုမနိုင်သေးဟု ဖော်ပြသည်။

ဇန်နဝါရီ ၈ရက်က ဖာပွန် အနောက်ဘက်ကမ်းတွင် ကင်း ဝပ်အခြေချလာသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့သည်ဟုဆိုသည်။

ဇန်နဝါရီ ၉ရက်တွင် ဖာပွန်အနောက်ဘက်ကမ်း၌ တစ်ကြိမ်၊ ကတိုင်တိ ကျေးရွာအုပ်စု တိုလယ်တွင် တစ်ကြိမ်၊ မောလော်ကလိုး(ရေပူ)တွင် တစ်ကြိမ်၊ တယေခို(ခေါပုပ်ဒေ)တွင်တစ်ကြိမ်နှင့် ထွီသီးအူ(ခွေးသေ)တွင် တစ်ကြိမ်၊ စစ်ကောင်စီတပ်များကို KNU တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ တိုက်ပွဲ ၅ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရကာ စစ်ကားသုံးစီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းနေ့၌ပင် ဝေမို(ဝင်းမောင်း)ရွာအနီး စစ်ကောင်စီ လမ်းကင်းစောင့် တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၀ရက် နံနက်တွင်လည်း နို့ခဲချောင်းအနီး ကင်းဝပ်နေသည့် စစ်ကောင်စီ တပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း တိုက်ပွဲအချို့၌ KNU တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဖော်ပြထားပြီး တိုက်ပွဲအချို့ KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိ၊မရှိကို ဖော်ပြမထားပေ။

KNU တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ(၅)နယ်မြေတွင် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ