Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကျန်းမာရေးကုသမှုကို မယုံကြည်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးကို အရေးယူမည်ဟုဆို

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမေရိကန်သံရုံးက တစုံတရာတုံ့ပြန်ကြေညာခြင်းမရှိသေးပေ။

People's Spring
People's Spring

မြန်မာစစ်ကောင်စီ၏ ကျန်းမာရေးကုသမှုကို မယုံကြည်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် သံရုံးဝန်ထမ်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်အရေးယူဆောင်ရွက် မှုများလုပ်ဆောင်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းမှဝင်ရောက်လာသော အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတစ်ဦးနှင့် သံရုံးဝန်ထမ်းတစ်ဦးတို့သည် ဟိုတယ်ကွာရန်တင်းဝင်ရောက်နေစဉ် ဆေးစစ်မှုခံယူရာတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့က စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ကုသမှုမခံယူခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အထက်ပါ အမေရိကန်သံတမန်တစ်ဦးနှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ကို သံရုံးတာဝန်ရှိသူများက လာရောက်ခေါ်ဆောင်ကာ ၎င်းတို့အစီအစဉ်ဖြင့် ကုသမည်ဟု ပြန်လည်ခေါ်ဆောင်သွားခဲ့ ကြောင်း ဆက်လက်ဖော်ပြသည်။

ယင်းလုပ်ရပ်အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများကို တိကျစွာလိုက်နာရန် ထပ်မံ အသိ ပေးကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမေရိကန်သံရုံးက တစုံတရာတုံ့ပြန်ကြေညာခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။