Connect with us

Hi, what are you looking for?

News

မင်းတပ် – မတူပီလမ်းတွင် CDFတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေ

မင်းတပ်မှ မတူပီမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် သံချပ်ကာ ၂ စီးပါ စစ်ယာဉ်တန်းကို ဇန်နဝါရီ၁၀ရက်က မင်းတပ် CDFက တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီ ၁၁ရက်)နံနက်တွင်လည်း အဆိုပါ ယာဉ်တန်း၏ ရှေ့ကင်း နှင့် CDF မင်းတပ်တို့ မိုင်တိုင် ၃၉ တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

မင်းတပ် – မတူပီလမ်းတွင် စစ်ကောင်စီတပ်ကို မင်းတပ်ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်သည်။

မင်းတပ်မှ မတူပီမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် သံချပ်ကာ ၂ စီးပါ စစ်ယာဉ်တန်းကို ဇန်နဝါရီ၁၀ရက်က မင်းတပ် CDFက တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီ ၁၁ရက်)နံနက်တွင်လည်း အဆိုပါ ယာဉ်တန်း၏ ရှေ့ကင်း နှင့် CDF မင်းတပ်တို့ မိုင်တိုင် ၃၉ တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ညနေပိုင်းတွင်လည်း စစ်ကောင်စီယာဉ်တန်းကို မင်းတပ် -မတူပီလမ်း ၄၂မိုင်တွင် မင်းတပ် CDFက ချုံခို တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ စက်သေနတ်သမား အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း၊ CDFတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ၄၅မိုင်တွင်လည်း CDFက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်မည်ဟုလည်း ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook