Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီခေါင်းဆောင်ကိုလူရာသွင်းဖို့ ကြိုးပမ်းတဲ့ ဟွန်ဆန်ရဲ့လုပ်ရပ် တရုတ်ထောက်ခံ

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို လူရာသွင်းဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ကို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရှိနေပေမယ့် တရုတ်နိုင်ငံကတော့ ဟွန်ဆန်ရဲ့ဆောင်ရွက်ချက်ကိုအပြည့်အဝ ထောက်ခံတယ်လို့ လူသိရှင်ကြားထုတ်ပြောလိုက်ပါတယ်။

နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက မနေ့က ဇန်နဝါရီလ ၁၀ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့မြန်မာ့အရေး တက်တက်ကြွကြွဆောင်ရွက်ချက်တွေကို အပြည့်အဝထောက်ခံတယ်လို့ လည်း ဝမ်ဝင်ပင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ၂ ရက်ကြာလာသွားတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ ပြည်တွင်း ပြည်ပမှာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ရှိခဲ့တာပါ။

လူအခွင့်အရေးချိုးဖောက်ပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရလဒ်ကောင်းထွက်မှာမဟုတ်တဲ့အကြောင်း NUG ကလည်း ဟွန်ဆန်ကို အသိပေးထားပါတယ်။

ဒါအပြင် မြန်မာနဲ့ ကမ္ဘောဒီးယားအရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်သလို ပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကလည်း ဟွန်ဆန် ရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြတာတွေရှိခဲ့ပါတယ်။

ဟွန်ဆန်ဟာ နေပြည်တော်ခရီးစဉ်မတိုင်ခင်ကတည်းက စစ်အုပ်စုခေါင်းဆောင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရှိတယ်လို့ထုတ်ပြောထားသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။