Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကြောင့် အရပ်သားများ ဒုက္ခမျိုးစုံကြုံနေရမှုရပ်တန့်နိုင်ရေး အမြန်အရေးယူရန် နိုင်ငံတကာကို NUG ထပ်မံပန်ကြား

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကိုလေကြောင်းမှလည်းကောင်း၊ မြို့တွင်း၌တင့်ကားများအသုံးပြု၍လည်း ကောင်း သာလွန်အင်အားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(​ကော့ကရိတ်​တောင်ပိုင်းရှိ ​ကျေးရွာ ​ဒေသခံများ စစ်​ဘေး​ရှောင်​နေကြသည်ကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် အလေးအနက် ထပ်မံတိုက်တွန်းပန်ကြားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအား ရည်ညွှန်း၍ ကြေညာချက် ထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်ကို ယနေ့ (ဇန်နဝါရီ ၁၁ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့နှင့် အာဆီယံတို့အပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြုတန်ဖိုးထားကြသည့် နိုင်ငံတကာအသိုင်း အဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ကရင်နီနှင့် ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်း အပါအဝင် နိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် ထပ်မံတိုက်တွန်း ပန်ကြားကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကိုလေကြောင်းမှလည်းကောင်း၊ မြို့တွင်း၌တင့်ကားများအသုံးပြု၍လည်း ကောင်း သာလွန်အင်အားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ပြည်သူများကိုထိမှန်ခြင်း၊ အပြစ်မဲ့ပြည်သူများ၏နေအိမ်များ မီးလောင်ကျွမ်းခြင်းအပါအဝင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့သည့်ပြင် အပြစ်မဲ့ပြည်သူများထောင်နှင့်ချီ၍ ဘေးလွတ်ရာ အရပ်ဒေသများ သို့ တိမ်းရှောင် ထွက်ပြေးနေကြရကြောင်း ဖော်ပြသည်။

Public Service Announcement

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိခေါင်းဆောင်များနှင့် အရေးပေါ် တွေ့ဆုံပြီး အရပ်သားများ ရင်ဆိုင်နေရသည့် အခက်အခဲများ အတူဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့သည်ဟုဆိုသည်။

လွိုင်ကော်အပါအဝင် မြန်မာနိုင်ငံအနှံ့၌ အကြမ်းဖက်စစ်ကောင်စီကပြုမူလျက် ရှိသော အကြမ်းဖက် မှုများအတွက် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဒုက္ခမျိုးစုံကြုံနေရသည့် ပြည်သူများကို တက်နိုင်သမျှ ကူညီထောက်ပံ့မှု ဆက်လုပ်သွားမည်ဖြစ်ကြောင်း NUGက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။