Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကြောင့် အရပ်သားများ ဒုက္ခမျိုးစုံကြုံနေရမှုရပ်တန့်နိုင်ရေး အမြန်အရေးယူရန် နိုင်ငံတကာကို NUG ထပ်မံပန်ကြား

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကိုလေကြောင်းမှလည်းကောင်း၊ မြို့တွင်း၌တင့်ကားများအသုံးပြု၍လည်း ကောင်း သာလွန်အင်အားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(​ကော့ကရိတ်​တောင်ပိုင်းရှိ ​ကျေးရွာ ​ဒေသခံများ စစ်​ဘေး​ရှောင်​နေကြသည်ကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် အလေးအနက် ထပ်မံတိုက်တွန်းပန်ကြားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအား ရည်ညွှန်း၍ ကြေညာချက် ထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်ကို ယနေ့ (ဇန်နဝါရီ ၁၁ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့နှင့် အာဆီယံတို့အပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြုတန်ဖိုးထားကြသည့် နိုင်ငံတကာအသိုင်း အဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ကရင်နီနှင့် ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်း အပါအဝင် နိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် ထပ်မံတိုက်တွန်း ပန်ကြားကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကိုလေကြောင်းမှလည်းကောင်း၊ မြို့တွင်း၌တင့်ကားများအသုံးပြု၍လည်း ကောင်း သာလွန်အင်အားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ပြည်သူများကိုထိမှန်ခြင်း၊ အပြစ်မဲ့ပြည်သူများ၏နေအိမ်များ မီးလောင်ကျွမ်းခြင်းအပါအဝင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့သည့်ပြင် အပြစ်မဲ့ပြည်သူများထောင်နှင့်ချီ၍ ဘေးလွတ်ရာ အရပ်ဒေသများ သို့ တိမ်းရှောင် ထွက်ပြေးနေကြရကြောင်း ဖော်ပြသည်။

Public Service Announcement

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိခေါင်းဆောင်များနှင့် အရေးပေါ် တွေ့ဆုံပြီး အရပ်သားများ ရင်ဆိုင်နေရသည့် အခက်အခဲများ အတူဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့သည်ဟုဆိုသည်။

လွိုင်ကော်အပါအဝင် မြန်မာနိုင်ငံအနှံ့၌ အကြမ်းဖက်စစ်ကောင်စီကပြုမူလျက် ရှိသော အကြမ်းဖက် မှုများအတွက် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဒုက္ခမျိုးစုံကြုံနေရသည့် ပြည်သူများကို တက်နိုင်သမျှ ကူညီထောက်ပံ့မှု ဆက်လုပ်သွားမည်ဖြစ်ကြောင်း NUGက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။