သတင်း ခင်ဦးမှာ လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်တပ်ဗုံးထပ်ကြဲအရပ်သား၉ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း မိုးမိတ်မြို့အနီး တိုက်ပွဲဖြစ်နေ မိုးမိတ်မြို့နယ်ထဲမှာ ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း လူစုလူဝေးမလုပ်ဖို့နဲ့ ဗုံးခိုကျင်တူးထားကြဖို့ တန့်ဆည် ပလဖ အသိပေး အာဏာသိမ်းစစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ရက်မှာ အသိပေးတိုက်တွန်းလိုက်ပါတယ်။ ludunwayooဒီဇင်ဘာ 21, 2025
အတွေးအမြင် သွေးစွန်းလက်ကို ဘယ်သူတွေ လက်ဆွဲနှုတ်ဆက်ကြအုံးမလဲ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေအပေါ် စေတနာနဲ့ တိုင်းရင်းသားညီနောင်အချင်းချင်းမိသားစုစိတ်ဓာတ်ထားရှိတယ်လို့အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မြောက်ဦးကိုဗုံးကြဲပြီး ငါးရက်အကြာမှာပဲ မျက်နှာပြောင်ပြောင်ပဲ အရှက်မရှိပြောလိုက်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 21, 2025
သတင်း မြောက်ဦးဆေးရုံဗုံးကြဲခံမှု သေဆုံး၊ထိခိုက်သူတွေအတွက်အလှူရှင်တွေကကျပ်သိန်း ၅၀၀၀ ကျော်လှူဒါန်း မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့သောကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေကိုလူမှုကူညီရေးလုပ်ဆောင်နေသူတွေကတစ်ဆင့် ပြည်တွင်း၊ပြည်ပမှအလှူရှင်တွေက ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်လှူဒါန်းထားတယ်လို့သတင်းရရှိပါတယ်။ ludunwayooဒီဇင်ဘာ 20, 2025
သတင်း ဝက်လက်မြို့နယ် စစ်တပ် လေကြောင်းတိုက်ခိုက် ပြည်သူ သုံးဦး ဒဏ်ရာရ စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 20, 2025
သတင်း လေကြောင်းရန်ကြောင့် မင်းတပ်မှာ ခရစ္စမတ်နဲ့ နှစ်ကူးကာလ လူစု၊လူဝေးနဲ့ပွဲမကျင်းပဖို့ တားမြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အခုနှစ် ဒီဇင်ဘာခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစု၊လူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာမပြုဖို့နဲ့ လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 20, 2025
သတင်း ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ဆီဘောက်ဆာကားတွေကို လေကြောင်းက ဗုံးကြဲနေ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 19, 2025
သတင်း စဉ့်ကူးလေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 12, 2025
သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် စစ်ကိုင်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 10, 2025