သတင်း ဝက်လက်မြို့နယ် စစ်တပ် လေကြောင်းတိုက်ခိုက် ပြည်သူ သုံးဦး ဒဏ်ရာရ စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 20, 2025
သတင်း လေကြောင်းရန်ကြောင့် မင်းတပ်မှာ ခရစ္စမတ်နဲ့ နှစ်ကူးကာလ လူစု၊လူဝေးနဲ့ပွဲမကျင်းပဖို့ တားမြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အခုနှစ် ဒီဇင်ဘာခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစု၊လူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာမပြုဖို့နဲ့ လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 20, 2025
သတင်း ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ဆီဘောက်ဆာကားတွေကို လေကြောင်းက ဗုံးကြဲနေ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 19, 2025
သတင်း စဉ့်ကူးလေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 12, 2025
သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် စစ်ကိုင်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 10, 2025
သတင်း နွားထိုးကြီးမြို့အနီး လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် ၂ဦး သေဆုံး၊၁၀ဦးကျော် ဒဏ်ရာရ မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooအောက်တိုဘာ 10, 2025
သတင်း မိုင်းလုံမြို့ လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၁ဦးအပါအ၀င် အရပ်သား ၁၀ဦးသေဆုံး တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဒီနေ့(အောက်တိုဘာ၆ရက်) နေ့လည်ပိုင်းမှာ မိုင်းလုံမြို့ကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအ၀င်အရပ်သား ၁၀ဦး သေဆုံးခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 8, 2025
သတင်း ပလက်ဝကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ၊ အရပ်သား ၂ဦးသေဆုံး ၁၉ဦး ဒဏ်ရာရ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးပြီး ၁၉ဦး ဒဏ်ရာရခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း ဆဒုံးမြို့ကို စစ်ကောင်စီဗုံးကြဲကလေးငယ်တွေအပါအဝင် သေဆုံးမှုများ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ဆဒုံးမြို့ကို စစ်ကောင်စီကဒီကနေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2025
သတင်း စဉ့်ကူးမြို့နယ်က စာသင်ကျောင်း လေကြောင်းတိုက်ခံရမှု အမျိုးသမီး ၄ဦး သေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၄ဦးသေဆုံးပြီး ဒေသခံပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooစက်တင်ဘာ 29, 2025