Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့အနီး တိုက်ပွဲဖြစ်နေ

မိုးမိတ်မြို့နယ်ထဲမှာ ဒီ‌နေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။

ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ အိမ်သွင်/People’s Spring

မိုးမိတ်မြို့နယ်ထဲမှာ ဒီ‌နေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။

မိုးမိတ်မြို့ရေတံခွန်ရွာဘက်မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းရန်ကို သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

“မနက် ၆နာရီက‌ စချတာ။အရင်ရက်တွေကလည်း မြို့အောက်ဘက် ရွာတွေဘက်၊ မြို့အပြင်ဘက်ပေါ့။ တိုက်ပွဲဖြစ်တယ်။ ဒီနေ့က မြို့နယ်ထဲဖြစ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲက ပြင်းထန်ပြီး လက်နက်ကြီးသံတွေရော၊ အနီးကပ်တိုက်ပွဲဖြစ်သံပါ ကြားနေရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

“သပိတ်ကျင်းကို သွားတဲ့ဘက်မှာချနေတာ။လေကြောင်းကနေ ရမ်းပစ်မှာရယ်၊ လက်နက်ကြီးနဲ့ ဒရုန်းရယ်ကို ဒေသခံတွေ သတိထားနေကြရတယ်”လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။

တအာင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့ မြို့နယ်တွေထဲက မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စစ်ကောင်စီထံ ပြန်အပ်ခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာပါ။ မြို့ပေါ်က အိမ်တွေမှာ တပ်စွဲထားပြီး စစ်ဘေးရှောင်တွေကို ပြန်လာဖို့ ဖိအားပေးနေပါတယ်။ ဒေသခံအများစုက ပြန်မလာသေးဘဲ ဒေသတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေစဉ်မှာ မြို့အနီး ရွာတချို့မှာ တိုက်ပွဲဖြစ် နေတာပါ။

ဒီဇင်ဘာ ၇ရက် မနက်က မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၉ဦး သေဆုံးခဲ့ပါတယ်။ မြစ်ဆုံရွာဟာ မိုးမိတ်မြို့ကနေ မဘိမ်းမြို့ဘက်ကို သွားတဲ့လမ်းမှာရှိပါတယ်။ စစ်ကောင်စီက မြစ်ဆုံရွာကို ပစ်မှတ်ထားပြီး လေကြောင်းကနေမကြာခဏဗုံးကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီက မဘိမ်းမြို့ဘက်ကနေ မိုးမိတ်မြို့အဝင်အထွက်ကိုလည်း ဒီဇင်ဘာ ၁၇ရက်နေ့လယ်ပိုင်းကစပြီးပိတ်ထားပါတယ်။

မိုးမိတ်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့ဆက်စပ်နေပါတယ်။ မိုးမိတ်မြို့နယ်အနီးမှာ KIA တပ်ရင်း ၃၄ ရှိနေပြီး လက်ရှိအချိန်အထိ စစ်ရေးပြင်ဆင်ထားမှုမရှိပေမယ့် အကယ်၍ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင် အကူအညီပေးသွားဖို့ ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီစစ်ကြောင်း တွေကို နိုဝင်လာလ ၃၀ရက်ကစပြီး တိုက်ခိုက်နေပါတယ်။ လက်ရှိမှာ မိုးကုတ်မြို့နယ်မှာလည်း တိုက်ပွဲတချို့ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။