Connect with us

Hi, what are you looking for?

သတင်း

ငပလီကမ်းခြေမြို့ကို စစ်ကောင်စီဗုံးကြဲတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့ ကလေးငယ်နဲ့ သူ့ဖခင် ကျန်းမာရေးတိုးတက်ကောင်းမွန်

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့က ကျင်းကန်ကြီးရွာကို ပြီးခဲ့တဲ့လက စစ်ကောင်စီဗုံးကြဲခဲ့လို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၂နှစ် ၈လအရွယ် မေကံကောင်းဟာ ကျန်းမာရေးတိုးတက်ကောင်းမွန်နေပြီဖြစ်ပါတယ်။

ကျန်းမာရေးတိုးတက်ကောင်းလာတဲ့ မေကံကောင်း။ ဓာတ်ပုံ - CJ

ဇန်နဝါရီ-၂၇၊ ၂၀၂၆။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့က ကျင်းကန်ကြီးရွာကို ပြီးခဲ့တဲ့လက စစ်ကောင်စီဗုံးကြဲခဲ့လို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၂နှစ် ၈လအရွယ် မေကံကောင်းဟာ ကျန်းမာရေးတိုးတက်ကောင်းမွန်နေပြီဖြစ်ပါတယ်။

အမည်ရင်း မအေးသန္တာထွန်းလို့ ခေါ်တဲ့ အဲဒီကလေးငယ်ဟာ ငပလီကမ်းခြေမြို့ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာက နေအိမ်တစ်လုံးထဲမှာ မိသားစုဝင်တွေ၊ အိမ်နီးနားချင်းကလေးငယ်တွေနဲ့ TV ကြည့်နေစဉ် ၂၀၂၅ ဒီဇင်ဘာ ၂၉ရက် ည ၈နာရီ ၈မိနစ်တိတိမှာ စစ်ကောင်စီကပေါင် ၅၀၀ ဗုံး၂လုံးကြဲခဲ့တာဖြစ်ပါတယ်။

အိမ် ၂၃လုံး ပျက်စီးခဲ့ပြီး မေကံကောင်းတို့ရှိနေတဲ့အိမ်လည်း ပြိုကျခဲ့ပါတယ်။ မေကံကောင်းရဲ့ မိခင်ဟာ ပွဲချင်းပြီးသေဆုံးပြီး ဖခင်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ မေကံကောင်းကတော့ ပျောက်ဆုံးနေခဲ့တာကနေ နောက်နေ့မနက်မှာ အိမ်အပျက်အစီးတွေအောက်ကနေ ပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“သူနေကောင်းပြီ။ သူ့အဖေလည်း ပြန်ကောင်းပြီ။အခုက သူ့အဖေနဲ့အတူနေထိုင်ပါတယ်”လို့ ‌မေကံကောင်းနဲ့အတူ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုကူညီပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုခံရပြီး ၁၂နာရီခန့်ကြာမှ ပြန်ရှာတွေ့ပြီး အသက်ဘေးကနေလွတ်မြောက်ခဲ့တဲ့အတွက် သူ့အမည်ရင်း မအေးသန္တာထွန်းအစား မေကံကောင်းလို့ ဒေသခံတွေကအမည်ပေးခဲ့တာဖြစ်ပါတယ်။ သူနဲ့ အတူ တီဗီကြည့်နေတဲ့ နောက်ထပ်မိသားစုတစ်စု မိသားစုဝင် ငါးဦးစလုံးသေဆုံးခဲ့ပြီး အဲဒီမိသားစုမှာ အသက်(၁၀)နှစ်၊ (၁၂)နှစ်နဲ့ ၁၅နှစ်အရွယ် ကလေးသုံးဦးပါဝင်ပါတယ်။ ဒဏ်ရာရသူလည်း ၁၀ဦးခန့်ရှိခဲ့တာပါ။

စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုဆက်လက်ကျူးလွန်နေပါတယ်။ ဇန်နဝါရီ ၂၂ရက်က ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ကောင်ဂျာကျေးရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာပြုလုပ်နေတဲ့ဆုတောင်းပွဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာမှာ ကလေးငယ်တွေအပါအဝင် ၂၁ဦးသေဆုံးပြီး ၃၀ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၂လသားအရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာပြီလို့ ကလေးငယ်ကို ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook