Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းလက်နက်ကြီးဒဏ်ကြောင့် သေဆုံးခဲ့တဲ့ ကမ္ဘာဒီးယား ဗိုလ်ချုပ်ကို ဝန်ကြီးချုပ် ဟွန်မာနတ် သွားရောက်အလေးပြု

ထိုင်းနဲ့ စစ်ရေး ပဋိပက္ခအတွင်း သေဆုံးခဲ့တဲ့ ထိပ်တန်း စစ်ဦးစီး ဗိုလ်ချုပ် တစ်ဦးရဲ့ နာရေး အခမ်းအနားကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

The Phnom Penh Post

ထိုင်းနဲ့ စစ်ရေး ပဋိပက္ခအတွင်း သေဆုံးခဲ့တဲ့ ထိပ်တန်း စစ်ဦးစီး ဗိုလ်ချုပ် တစ်ဦးရဲ့ နာရေး အခမ်းအနားကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အသက် ၆၇ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး ဒူအွမ် ဆွမ်နီယန်ဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခ အရှိန်မြင့်တက်နေချိန် ဇူလိုင် ၂၆ ရက်နေ့က ထိုင်းရဲ့ လက်နက်ကြီးဒဏ်ကြောင့် ပရာဗီဟီရာ ပြည်နယ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အမှတ် ၇ ကြားဖြတ် တိုက်ခိုက်ရေး တပ်မဟာ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဒူအွမ်ဟာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ရင်း စစ်သားပီသစွာ နိုင်ငံအတွက် အသက်ပေးသွားခဲ့တယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သူ့ရဲ့ နာရေး အခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့က ဖနွမ်ပင် မြို့တော်မှာ ကျင်းပခဲ့ပြီး ရုပ်အလောင်းကို ဝန်ကြီးချုပ် ဟွန်မာနတ် ကိုယ်တိုင် သွားရောက် အရိုအသေပေး အလေးပြုခဲ့ပါတယ်။ ဟွမ်မာနတ်က ထိုင်းနဲ့ စစ်ရေးပဋိပက္ခမှာ အသက်ပေးခဲ့ရတဲ့ ကမ္ဘောဒီးယား စစ်သားအားလုံးရဲ့ နာရေးကိစ္စတွေကို လေးလေးစားစား စီစဉ်ပေးဖို့လည်း အာဏာပိုင်တွေကို ညွှန်ကြားထားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက စစ်ရေး ပဋိပက္ခဟာ ၅ ရက်တာ ကြာမြင့်ခဲ့တဲ့နောက် ဇူလိုင် ၂၈ ရက်နေ့ ညသန်းခေါင်က စလို့ အပစ်အခတ် ရပ်စဲသွားပါတယ်။ အစောပိုင်းမှာတော့ ကမ္ဘောဒီးယားက သဘောတူညီချက်ကို ချိုးဖောက်ပြီး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲခဲ့ပေမယ့် ကမ္ဘောဒီးယားက ပယ်ချခဲ့ပြီး နယ်စပ်မှာ အခြေအနေတွေ ငြိမ်သက်နေပြီလို့ ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တိုက်ပွဲတွေအတွင်း စစ်သားတွေ၊ အရပ်သားတွေ အပါအဝင် နှစ်ဖက်အသေအပျောက် ၃၅ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Phnom Penh Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။