Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်က ကျောင်းတစ်ကျောင်းမှာ ခြောက်တန်းကျောင်းသူ ပစ်ခတ်လို့ လူ ၃ ဦး ဒဏ်ရာရ

အမေရိကန် နိုင်ငံက ကျောင်းတစ်ကျောင်းမှာ ခြောက်တန်း ကျောင်းသူ တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အမေရိကန် အနောက်မြောက်ပိုင်း၊ အီဒါဟို ပြည်နယ်၊ ရစ်ဂ်ဘီမြို့က အလယ်တန်းကျောင်း တစ်ကျောင်းမှာ မေလ ၆ ရက်က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ခြောက်တန်း ကျောင်းသူ တစ်ဦးဟာ ကျောင်းကို သေနတ် ယူလာပြီး ပစ်ခတ်ခဲ့တာကြောင့် တခြား ကျောင်းသူကျောင်းသား နှစ်ယောက်နဲ့ ကျောင်းဝန်ထမ်းတစ်ဦး ဒဏ်ရာတွေ အသီးသီး ရသွားကြပါတယ်။ ဒါပေမဲ့ ၃ ယောက်စလုံး အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။

နောက်တော့ ဆရာမ တစ်ယောက်က ကျောင်းသူဆီက သေနတ်ကို ရယူနိုင်ခဲ့ပြီး ရဲတွေ ရောက်လာချိန်ထိ မိန်းကလေးကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ခဲ့တဲ့ မိန်းကလေးရဲ့ နာမည်ကို မီဒီယာတွေက မဖော်ပြခဲ့ပါဘူး။ အသက်ကတော့ ၁၁ နှစ်နဲ့ ၁၂ နှစ်ဝန်းကျင်လို့ ဆိုပါတယ်။ ပြီးတော့ ဘာကြောင့် အခုလို ပစ်ခတ်ခဲ့သလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖြစ်စဉ်ကို ဒေသခံ အစိုးရနဲ့ FBI ထောက်လှမ်းရေး အဖွဲ့တွေက ပူးပေါင်း စုံစမ်းနေပါတယ်။ အမေရိကန်မှာ အရင်ကလည်း စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က နိုင်ငံရဲ့ လက်နက် ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပိုမို တင်းကျပ်ဖို့ စီစဉ်နေကြောင်း ကြေညာပြီး မကြာခင်မှာပဲ အခုပစ်ခတ်မှု သတင်းကို ကြားခဲ့ရတာ ဖြစ်ပါတယ်။

ဘိုင်ဒန်က အမေရိကန်မှာ ကြုံနေရတဲ့ လက်နက်ကိုင် ပစ်ခတ်မှု သတင်းတွေဟာ နိုင်ငံတကာမှာ အရှက်ရစရာ ဖြစ်နေပြီလို့ ဝေဖန်ထားပါတယ်။

You May Also Like

သတင်း

အဲဒီနောက် ရုရှားပိုင် ယူရယ်လ် ဒေသမှာ အခြေစိုက်တဲ့ ရုရှား စီးပွားရေး ကုမ္ပဏီ တစ်ခုက ရုရှား စစ်သားတွေသာ စစ်မြေပြင်ရောက် Abramsနဲ့ Leopard 2 တင့်ကားတွေကို ဖျက်ဆီးနိုင်ရင်၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်ရင် ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဂျပန် အစိုးရ ငွေကြေးထောက်ပံ့တဲ့ တံတားတည်ဆောက်မှု ပရောဂျက် တစ်ခုအတွက် အဲဒီလို ငွေကြေး လွှဲပြောင်း ပေးချေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း

စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။