Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဩစတြီးယား ဆေးရုံတစ်ခုမှာ လူနာတစ်ယောက် ခြေထောက်ချင်း မှားယွင်း ဖြတ်တောက်ခံရ

ဩစတြီးယား နိုင်ငံက ဆေးရုံတစ်ခုဟာ လူနာတစ်ဦးကို ခြေထောက်ချင်း မှားယွင်း ဖြတ်တောက်မိခဲ့ကြောင်း အတည်ပြု ဝန်ခံခဲ့ပါတယ်။

အခု သီတင်းပတ် အစောပိုင်းက လူသားတွေရဲ့ အမှားကြောင့် ဆိုးရွားတဲ့ လွဲချော်မှုတစ်ခု ကြုံတွေ့ခဲ့ရကြောင်း ဖရိန်းစတက်ဒ် ဆေးရုံက ထုတ်ပြန်ပါတယ်။ အဲဒီ ဆေးရုံဟာ ချက်နဲ့ ဩစတြေးလျ နိုင်ငံ နယ်စပ်နားမှာ ဖွင့်လှစ်ထားတာပါ။

အသက် ၈၂ နှစ်အရွယ် အမျိုးသား လူနာဟာ ဘယ်ဖက် ခြေထောက်ကို ဖြတ်တောက် ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးရုံ ဝန်ထမ်း တစ်ဦးက ညာဖက် ခြေထောက် ဖြတ်တောက်ရမယ်လို့ အမှတ်အသား မှားလုပ်ပေးခဲ့ပါတယ်။ ဆရာဝန်တွေကလည်း ညာဖက် ခြေထောက်ကိုပဲ ဒူးခေါင်း အထက်ကနေ ဖြတ်တောက်လိုက်ပါတယ်။ လက်လွန်သွားပြီးမှ ဒီကိစ္စ အမှားအယွင်းကို သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။

ဖြတ်တောက်ထားတဲ့ ခြေထောက်ကို ပုံမှန် ပတ်တီး လဲလှယ်ပေးတဲ့နေ့ကျမှ ဒီကိစ္စ အလွဲကြီး လွဲနေမှန်း သတိထားမိသွားတာလို့ ဆေးရုံက ထုတ်ပြန်ပါတယ်။ နောက်တော့ လူနာရဲ့ ဘယ်ဖက် ခြေထောက်ကိုပါ ဖြတ်တောက်လိုက်ရပါတယ်။ လူနာဟာ ကျန်းမာရေး ပြဿနာတွေကြောင့် ခြေထောက်နှစ်ဖက်စလုံးမှာ ပြဿနာတွေ ရှိနှင့်နေတယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးရုံက နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ဆက်လက် စုံစမ်းနေပြီး လူနာနဲ့ သူ့မိသားစုဆီ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒေသခံ ရှေ့နေချုပ်ရုံးကတော့ ဒီဖြစ်စဉ်ကို အမှုဖွင့် စုံစမ်းဖို့ ကူညီသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်လိုလို မကြာခဏ ကျူးလွန်လေ့ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

News

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသတွင်ပါဝင်သော ပင်းတယနှင့်ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီထောက်တိုင် ဒလန်အချို့ မကြာခဏ ရှင်းလင်းသုသတ်သင်ခံနေရပြီးနောက် စစ်ကောင်စီက ဒေသခံများအပေါ် နည်းမျိုးစုံ ဖိအားပေးနေသည်။

နိုင်ငံတကာ

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူနဲ့ တရားခံက အချင်းချင်း သိကျွမ်းကြကြောင်း ဖော်ပြ ပါရှိပါတယ်။ သူတို့နှစ်ယောက်ဟာ ပန်းခြံကို ကားမောင်းပြီး အတူလာခဲ့ကြကြောင်း၊ နောက်တော့ မိနစ် ၂၀ အကြာမှာ အမျိုးသားကြီးရဲ့ ဒူးခေါင်း အောက်ပိုင်းကို တရားခံက လွှစက်သုံးပြီး ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

ဗီဒီယို

ဒေါက်တာ ဘရမ်ဟောလ်ဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီနဲ့ ဩဂုတ်လတွေတုန်းက အသည်းအစားထိုး ကုသမှု ခံယူတဲ့ လူနာနှစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ လက်မှတ် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ သူက အသည်းတွေပေါ်မှာ လက်မှတ် ထိုးဖို့အတွက် ခွဲစိတ် အထူးကု ဆရာဝန်တွေ သုံးလေ့ရှိတဲ့ Argon Beam...