Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး

ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်လိုလို မကြာခဏ ကျူးလွန်လေ့ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး
လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး

KNU တပ်မဟာ(၁)နယ်မြေတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံတစ်ရုံ ယာယီပိတ်ထားခဲ့ရပြီး ဆေးရုံဝန်ထမ်းများနှင့် ကုသမှုခံနေသည့် လူနာများအပါအဝင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နိုဝင်ဘာလ(၁)ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ စကခ(၈)လက်အောက်ခံ ခမရ(၄၀၈)တပ်စခန်း(ကမမောင်း)မှ တပ်မဟာ(၁)နယ်မြေအတွင်းရှိ ဖလံတောင်တိုက်နယ်ဆေးရုံအား လက်နက်ကြီး(၁၂၀-မမ)ဖြင့် ငါးချက်ပစ်ခတ်ခဲ့သည့်အတွက် ဆေးရုံကိုယာယီပိတ်ထားခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး
လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး

ထိုပစ်ခတ်မှုအတွင်း ဆေးရုံအားထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိသော်လည်း လုံခြုံရေးအရ ယာယီပိတ်ထားခဲ့ရပြီး ဆေးရုံဝန်ထမ်းများ၊ ဆေးရုံအတွင်းကုသမှု ခံယူနေဆဲလူနာများ၊ ဆေးရုံအနီးရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ဆေးရုံကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုကို လုံး၀ကန့်ကွက်ရှုံ့ချတယ်၊ ဒါမလုပ်သင့်တဲ့လုပ်ရပ်ပါ။ တချို့ရွာသားတွေဆို လက်နက်ကြီးကျတော့ စစ်ကောင်စီစစ်ကြောင်းထိုးမှာကို စိုးရိမ်ပြီး တိမ်းရှောင်ထွက်ပြေးကြတာရှိတယ်။ ပြီးတော့ အခုချိန်က ဒေသခံပြည်သူတွေ ရာဘာခြစ်တဲ့အချိန် စပါးရိတ်သိမ်းတဲ့အချိန်လည်းဖြစ်တော့ ပြည်သူတွေပဲ ထိခိုက်နစ်နာတယ်” ဟု ကေအဲန်ယူ-ဖားအံမြို့နယ် KNLA တပ်ရင်း(၁) တပ်မှူးဖြစ်သူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖလံတောင်ဆေးရုံသည် ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းရှိ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ စေတနာရှင်လူမှုဝန်ထမ်းများ စုပေါင်းကာ ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ဆေးရုံဖြစ်သလို ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင်အတွင်းရှိ ဒေသခံပြည်သူများသာမက နယ်ခြားရပ်ဝေးမှ လူနားများလည်း ထိုတိုက်နယ်ဆေးရုံသို့ လာရောက်ကာ ဆေးဝါးကုသမှုခံယူနေသည်ဟု သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး
လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်နယ်ဆေးရုံဝန်ထမ်းများနှင့် လူနာများ ဘေးလွတ်ရာထွက်ပြေး

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက် ညပိုင်းကလည်း BGF တပ်ရင်းအမှတ်(၁၀၁၄)တပ်က ညောင်ကုန်းစစ်ဆေးရေးဂိတ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝါမီပွကျေးရွာနှင့် နိုးရားကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိတ်လန့်နေကြရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်လိုလို မကြာခဏ ကျူးလွန်လေ့ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။